မားစ်ဂြိုဟ်ဆင်းယာဉ်
Curiosity (ခ)ဖိုးစပ်စု သည် ယခုအခါ မားစ်ဂြိုဟ်ပေါ်တွင် သက်ရှိများ
ရှင်သန်နေထိုင်မှု ရှိမရှိ လေ့လာမှုများကို စတင်နေပြီ ဖြစ်သည်။Curiosityတွင် တပ်ဆင်ထားသော စက်ရုပ် စုပ်ခွက်များသည် ဓာတ်ငွေ့ပေါင်းစုံ ရောပြွမ်းနေသော လေထုကို စုပ်ယူခဲ့သည်။
ထို့နောက် ယာဉ်အတွင်း တပ်ဆင်ထားသည့် Sample Analysis စနစ်ဖြင့်
ထိုအရာများကို လေ့လာသုတေသန
ပြုမည်ဖြစ်သည်။ ထိုကိရိယာသည် အသက်ရှင်
ရပ်တည်မှုအတွက် အထောက်အကူပြုမည့် မီသိန်းကဲ့သို့
ဓာတ်ငွေ့ ပမာဏ
အနည်းငယ်မျှကိုပင် ခြေရာခံ ဖော်ထုတ်နိုင်ရန် တီထွင်ထားသည်။
သုတေသီများက
ဂြိုဟ်နီကြီးဟု အမည်ပေးထားသော မားစ်ဂြိုဟ်ပေါ်တွင် သုတေသန ပြုလုပ်ရန်
အထူးအ
ဆင့်မြင့်သည့် အာရုံခံ စနစ်များကို တပ်ဆင်ထားကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် မားစ်ဂြိုဟ်ပေါ်၌ ကာဘွန်ဒိုင်အောက်ဆိုက်သာ အများဆုံး
ရှိနေသည်ကို တွေ့ရပြီး ယင်း
ထက်ပိုမို အနုစိတ်သော ဆန်းစစ်မှုများကို
ပြုလုပ်နေခြင်း ဖြစ်သည်။
Planet Myanmar :
No comments:
Post a Comment