တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ အခုတပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် စက်တင်
ဘာ ၅ ရက်နေ့ညက မိုးကြီးပြီး မြေပြိုမှုဖြစ်ပေါ်ခဲ့လို့ ရပ်ကွက်တချို့ကနေအိမ်တွေ မြေပိပြီး ပျက်စီးဆုံးရှုံး
ခဲ့သလို လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သောင်းမြို့ခံတစ်ဦးက အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။
"တော်တော်များများဖြစ်တယ်။ ဒီ ရွှေပြည်သာမှာဆိုလို့ရှိရင် ၂ နေရာလောက်ဖြစ်တယ်၊ ရွှေပြည်သာ ခေမာ
"တော်တော်များများဖြစ်တယ်။ ဒီ ရွှေပြည်သာမှာဆိုလို့ရှိရင် ၂ နေရာလောက်ဖြစ်တယ်၊ ရွှေပြည်သာ ခေမာ
သီဝံကျောင်း မရောက်ခင်နားမှာ တစ်ဆောင်၊
နောက်ပြီးတော့ ဒီ ကျနော်တို့ ရွှေပြည်သာ ဘုန်းကြီးကျောင်း
ကြီးရဲ့
အနောက်ဖက်မှာလည်း သုံးဆောင်လောက် ဖြစ်သွားတယ်ပေါ့နော်၊ နောက်ပြီးတော့
ကျနော်တို့ ဒီ
ပုလဲလမ်းမှာလည်း တစ်ဆောင် ဖြစ်သွားတယ်။
သူက တောင်နဲ့ကပ်ရပ်ဆို ဟို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် ခန့်က ရွှေပြည်သာ
ဘုန်းကြီးကျောင်းကြီး ပါသွားသ
လိုပေါ့နော်။ မိုးက အဆက်မပြတ်ရွာတဲ့
အချိန်ကြတော့ မြေသားက တဖြေးဖြေးနဲ့ ပျော့ပျော့ပြီးတော့ တခါ
တည်း ဆင်းလာတာပေါ့နော်။ အပေါ်ကနေ အိမ်တစ်ဆောင်လုံး ပါသွားတာ။ တချို့
တ၀က်ပြိုတာတို့ တချို့ အများကြီးပြိုတာတို့ အဲ့ဒါတွေ ရှိသေးတယ်။"
ဒီကနေ့မှာတော့ မိုးသည်းထန်စွာ မရွာတော့ပေမယ့် မိုးဖွဲဖွဲရွာနေသေးတဲ့ အတွက်ဒေသခံတွေက သတိ
ဒီကနေ့မှာတော့ မိုးသည်းထန်စွာ မရွာတော့ပေမယ့် မိုးဖွဲဖွဲရွာနေသေးတဲ့ အတွက်ဒေသခံတွေက သတိ
ထား စောင့်ကြည့်နေကြပြီး မြေပြိုလို့
လမ်းပိတ်ဆို့ခဲ့တဲ့ ရွှေဟင်္သာရပ်ကွက်က လမ်းမကြီးကိုတော့ မြို့နယ်
တာဝန်ရှိသူတွေက ရှင်းလင်းခဲ့လို့ ပုံမှန်သွားလာနိုင်ပြီလို့ သိရပါတယ်။
ဒေသခံပြည်သူတွေကတော့ မြေပြိုမှုမဖြစ်ပွားခင် ရှောင်ရှားနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မြို့ခံနောက်တစ်ဦးက ပြောဆိုပါတယ်။
"အရင်တစ်ခါ ပြီးခဲ့တဲ့နှစ်က ပြိုတဲ့နေရာ လမ်းမှာ သူက နည်းနည်း ပိတ်သွားတာပေါ့။ တောင်နဲ့ အိမ်နဲ့ကြား လမ်းရှိတယ် အဲ့မှာ ပြန်ရှင်းတာ အခု ကောင်းသွားပြီး၊ နောက်တခုက ရွှေပြည်သာဖက်မှာကြတော့ အဲ့မပြိုခင်

တစ်ရက်တည်းက
တောင်က အော်တယ်လို့ပြောတယ်။ အူတာပေါ့နော်။ အဲ့တော့ လူတွေ
နည်းနည်းရှောင်
လိုက်ပြီးတော့ နောက်ရက်ည ၈ နာရီထိုးတော့ အဲ့ကောင်ကျတယ်။
မိုးက ဆက်တိုက်ရွာနေတာကိုး။ ထပြို
တော့ အိမ်တစ်လုံးပိသွားတယ်။ ဒါပေမယ့်
အဲ့အိမ်မှာ လူမရှိဘူးလေ။ ရှောင်လိုက်ကြတာကိုး။ ဒီပြင့်မှာ သွား
နေနေတာ ဘေးကအိမ်တွေကတော့ နည်းနည်းပါးပါးပေါ့။ တစ်အိမ်ကတော့ ဖုံးသွားတယ်။"
ကော့သောင်းမြို့မှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလကလည်း ရွှေပြည်သာရပ်ကွက် ရွှေပါရမီကျောင်းတိုက်
ကော့သောင်းမြို့မှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလကလည်း ရွှေပြည်သာရပ်ကွက် ရွှေပါရမီကျောင်းတိုက်
အနောက်ဖက်မှာ အခုလို
မြေပြိုမှုဖြစ်ပွားခဲ့လို့ သံဃာသုံးပါး ပြန်လွန်တော်မူခဲ့ပြီး သံဃာတစ်ပါး
ဒဏ်ရာရ
ခဲ့ပါသေးတယ်။
No comments:
Post a Comment