Pages

Pages - Menu

Monday, September 3, 2012

ခိုးကူးခွေ ရောင်းသူများ ရုပ်ရှင် အစည်းအရုံးရှေ့ ဆန္ဒပြမည့် အစီစဉ်ပျက်

ခိုးကူးခွေ ပပျောက်ရေးနှင့် ပက်သက်၍ တင်းတင်း ကျပ်ကျပ် လုပ်ဆောင်လျက်ရှိသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရှိရာ ရန်ကုန်မြို့တော် ဗဟန်းမြို့နယ် ဝင်္ကဘာလမ်း ရုံးရှေ့တွင် ယနေ့နံနက်ပိုင်း ခိုးကူးခွေ ရောင်းသူများ ဆန္ဒပြမည် ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆန္ဒပြမှုများ မရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။
"ဒီနေ့မနက် ရုံးအောက်က လက်ဖက်ရည်ဆိုင်ကို လူစိမ်း ဆယ်ယောက်လောက် လာတာက လွဲရင် ထူးထူး
ခြားခြား ဘာမှမဖြစ်ပါဘူး။ကျွန်တော်လည်း ဆန္ဒပြမယ်ဆိုတဲ့ သတင်းကို ကြားလို့ အောက်ဆင်းကြည့် မလို့ ထွက်လာတာ" ဟု ၄င်းက ဆိုသည်။

ယုဇနပလာဇာရှိ အခွေဆိုင်များတွင် ဆန္ဒပြမည့် သူများအတွက် တီရှပ်များ ပေးသည်ဟု ကြားသိ ရကြောင်း
၊ နေ့စားဖြင့် ဆန္ဒပြသည့် သူများ ရှိသည်ဟုလည်း ကြားသိရကြောင်း ၄င်းက ဆိုသည်။

ရုပ်ရှင်အစည်းအရုံး တာဝန် ရှိသူများသည် ခိုးကူးခွေများ ဖမ်းဆီးရာတွင် မြန်မာဗီဒီယို ဇာတ်ကား ခိုးကူးခွေ
များနှင့် ညစ်ညမ်းခွေများ ကို သာမက နိုင်ငံခြား ခိုးကူးခွေများကိုပါ ဖမ်းဆီးသောကြောင့် ဆန္ဒပြရခြင်း ဖြစ်
သည်ဟု ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။

ဆန္ဒပြမည်ဟု သတင်းများ ကြားရသောကြောင့် မိမိတို့ကို လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊သို့သော် ဆန္ဒပြသည့် လူများကို မတွေ့ရဘဲ မီဒီယာ သမားများကိုသာ တွေ့ရကြောင်း ပြည်တွင်း ဂျာနယ်တိုက် တစ်ခုမှ သတင်း
ထောက် တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက (၁ဝ.၄.၂ဝ၁၂) မှ (၂၄.၈.၂ဝ၁၂)ထိ ဖမ်းဆီး အရေးယူခဲ့သည့် အမှုပေါင်း ၈၉ မှု ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ ထုတ်ပြန်ချက် များအရသိရသည်။

No comments:

Post a Comment