အားကစားဝန်ကြီးဋ္ဌာန၊မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီဥက္ကဋ္ဌဖလားပြည်နယ်/တိုင်းဒေသကြီး၊ ၀န်ကြီးဋ္ဌာန၊ ကလပ်
ပေါင်းစုံ
မြန်မာ့သိုင်းဗန်တိုတံခွန်စိုက်ပြိုင်ပွဲအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့မှ(၂၆)ရက်နေ့အထိ ရန်ကုန်မြို့ရှိအောင်
ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားခန်းမ တွင် ကျင်းပသွားမည်ဖြစ်ပြီးမည်သူမဆို သွားရောက်ကြည့်ရှု အားပေးနိုင်
ကာ မြန်မာနိုင်ငံတွင်ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင်အောင်မြင်မှုများရရှိနိုင်ရေးအတွက်
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ကျင်းပသော ပြိုင်ပွဲဖြစ်သည်။
အထက်ပါပြိုင်ပွဲနှင့်ပက်သက်ပြီး မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မှမြန်မာ့သိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီးဦးအောင်ဋ္ဌေးက“အဘ
တို့ကမြန်မာ့ဗန်တိုကို၂၆ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ ဆီးဂိမ်းမှာ တရားဝင် နိုင်ငံတကာကိုမပြနိုင်ခဲ့ဘူးဆို
တော့ ဒီ ၂၇ ကြိမ်မှာ ဗန်တိုပြိုင်ပွဲအနေနဲ့ ၀င်မပြိုင်နိုင်ဘူး။ ဒီတော့ အခုဆီးဂိမ်းမှာ Vovietnam နဲ့ ၀င်ပြိုင်မယ်လို့ရည်ရွယ်ထား
တယ်။
Vovietnam ဆိုတာက ဗီယက်နမ်က ကိုယ်ခံပညာရပ်ပါ။ ဒီပညာက မြန်မာ့ဗန်တိုပညာလိုပဲ။ သူ့ရဲ့ အသုံးအနှုံး အတိုက်အခိုက်တွေ
က အတော်လည်း ဆင်တယ်။ ပြောရရင် အဘတို့ကတောင်သာတယ်။ ဒါပေမဲ့ သူတို့ကစားနည်းရဲ့ စည်းမျဉ်းစည်းကမ်း ဗီယက်
နမ် က လာပြပေးမှာက နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်ကျ မှာဆိုတော့ အဲဒီကျတော့မှ ပြင်ဆင်မယ် ဆိုရင် နောက်ကျသွားပြီ။
ဒါကြောင့် အဲဒီစည်းမျဉ်းတွေကို မသိခင် အခု ကတည်းက ဗန်တို ပြိုင်ပွဲလုပ်ပြီးလူရွေးလေ့ကျင့် ပေးထားမှာ။ ရွေးတယ်ဆိုတာက အပိုင်း ၃ ပိုင်းရှိတယ်။ တစ်ပိုင်းက မြန်မာ့သိုင်းပညာကိုပြန့်ပွားအေင် စည်းရုံးရေးသဘောပေါ့။ နောက်ပြီး ဒီနှစ်မှာ ဆီးဂိမ်းအတွက်

အသားပေးနေတော့ မြန်မာ့ပညာရပ်ကိုပြည်တွင်းမှာပြန်လည်ဖော်ထုတ်တဲ့သဘောလည်းဖြစ်အောင်၊သိုင်းဆရာတွေအားလုံးလည်း
စည်းစည်းလုံး လုံး ဖြစ်အောင်၊ ဗန်တိုပညာက Vovietnam ကိုဝင်ပြိုင်ဖို့အထောက်အကူဖြစ်အောင် ဆိုတဲ့ အချက်တွေကို ရည်ရွယ်
ပြီး ဒီပြိုင်ပွဲကိုလုပ်တာပါ " ဟုပြောကြားခဲ့သည်။
ပါဝင်မည့်ပြိုင်ပွဲအမျိုးအစားများမှာ လက်နက်မဲ့သိုင်းအတိုင်ပြိုင်ပွဲ (ကျား/မ) သတ်မှတ်ကီလို တန်းများ အလိုက်ပါဝင်ယှဉ်ပြိုင်ရမည်
ပါဝင်မည့်ပြိုင်ပွဲအမျိုးအစားများမှာ လက်နက်မဲ့သိုင်းအတိုင်ပြိုင်ပွဲ (ကျား/မ) သတ်မှတ်ကီလို တန်းများ အလိုက်ပါဝင်ယှဉ်ပြိုင်ရမည်
ဖြစ်ပြီး ၊တကိုယ်တော်ပညာစဉ်ပြပြိုင်ပွဲ (ကျား/မ)တွင်မူ လက်ရေး/ဓါးတစ်လက်/ ဓားနှစ်လက်/တုတ်ရှည်/လှံရှည် ပညာစဉ်ပြပြိုင်ပွဲ
ဆိုပြီး ၅ မျိုး ပါဝင်ကြောင်းနှင့် ပြိုင်ပွဲဝင် ၂ ဦးမှ ၆ ဦး အထိ ပါဝင်သော အသင်းလိုက်အတိုက်ပြိုင်ပွဲ ၅ မျိုးတို့ပါဝင်ကြောင်း သိရှိရ ပါသည်။
ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းရရှိသောအသင်းများကို ပထမဆု (၃) သိန်းနှင့်ဆုဖလား၊ ဒုတိယဆု (၂) သိန်းနှင့် တတိယဆု (၁)သိန်း
ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းရရှိသောအသင်းများကို ပထမဆု (၃) သိန်းနှင့်ဆုဖလား၊ ဒုတိယဆု (၂) သိန်းနှင့် တတိယဆု (၁)သိန်း
တို့ ချီးမြှင့်သွားမည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစားအလိုက်ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းပထမ၊ဒုတိယ၊တတိယဆိုပြီးငွေသား
ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရ သည်။ပြိုင်ပွဲအတွက်ခရီးစရိတ်နှင့်စားစရိတ်များကိုလည်းမြန်မာ့သိုင်းအဖွဲ့ချုပ်မှကျခံပေး
သွားမည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်များသည်ရွေးချယ်ခံရပါကစခန်းဝင်လေ့ကျင့်နိုင်သူများဖြစ်ရမည်ဖြစ်ပြီးပြိုင်ပွဲဝင် စာရင်းများကို ၁၈၊ ၉၊ ၂၀၁၂ နေ့ ညနေ (၄) နာရီနောက်ဆုံးထားပြီး
ပြိုင်ပွဲဝင်များသည်ရွေးချယ်ခံရပါကစခန်းဝင်လေ့ကျင့်နိုင်သူများဖြစ်ရမည်ဖြစ်ပြီးပြိုင်ပွဲဝင် စာရင်းများကို ၁၈၊ ၉၊ ၂၀၁၂ နေ့ ညနေ (၄) နာရီနောက်ဆုံးထားပြီး
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ရုံး (ဖက်စ်- ၀၁ - ၅၈၀၇၁၂) ၊ အီးမေးလ်လိပ်စာmtfthaing66@gmail.com
တို့သို့အချိန်မီပေးပို့ရန်နှင့်အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြန်မာ့သိုင်းဆပ်
ကော်မတီများသို့ပေးပို့ထားပြီးဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment