Pages

Pages - Menu

Sunday, September 9, 2012

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ နိုင်ငံတော်သမ္မတကြီးထံသို့ အဆင့်မမှီသည့် ပညာများ သင်ကြားနေရသည့်အတွက် တိုင်ကြားစာတစ်စောင်ကို စက်တင်ဘာလ ၈ ရက်နေ့စွဲဖြင့် ပေးပို့

 
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျော င်းသားများသမဂ္ဂမှ နိုင်ငံတော် သမ္မတကြီးထံသို့ အဆင့်မမှီသည့် ပညာများသင်ကြားနေရသည့်အတွက်တိုင်ကြားစာတစ်စောင်ကိုစက်တင်ဘာလ၈ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့
ကြောင်း သိရသည်။ သြဂုတ်လ ၁၂ ရက်နေ့ မြန်မာ့အလင်း သတင်းစာပါ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ပညာသင်နှစ်တွင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့်မန္တလေး ကွန်ပျူတာလျှောက်ထားရာတွင် `အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်သို့ 
ဝင်ခွင့်လျှောက်ထားခြင်း´ဟုထင်ရှားစွာဖော်ပြပေးဖို့ လိုအပ်မှာဖြစ်ကြောင်းနှင့် ထိုသို့ ဖော်ပြပါက တက္ကသိုလ် ၀င်စာမေးပွဲရမှတ်(၃၆၅)မှတ်နှင့်အထက်ရရှိသောအဆင့်မမှီသည့်ပုံမှန်ကွန်ပျူတာတ က္ကသိုလ်ကျောင်းသား
ကျောင်းသူများနှင့်ရောထွေးသွားနိုင်သည့်အတွက်မလိုလားအပ်သောရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
ဟု ဖော်ပြပါရှိခဲ့သည့်အတွက် တိုင်ကြားစာ ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သမ္မတထံသို့ တိုင်ကြားစာတွင်--------------

(၁) ကျွန်ုပ်တို့ ရရှိနိုင်မည့်ဘွဲ့သည့် အဆင့်မြင့် ပညာရေးဘွဲ့နှင့် ယှဉ်လျှင် ဘ၀အာမခံချက် မရှိခြင်း။

(၂) ယခင်နှစ်များတွင် အဆင့်မြင့်နှင့် အဆင့်မမှီပညာရေးဟူ၍ ရွေးခြယ်ခွင့် မရှိခဲ့ကြောင်း။

(၃) အစမ်းသပ်ခံပညာရေးတွင် သင်ကြားနေရခြင်း။

(၄) အဆင့်မြင့်လိုက်သော ပညာရေးစနစ်ကို မမှီလိုက်သော ကျောင်းသားများအနေဖြင့် သိပ္ပံနှင့် နည်းပညာ
ဝန်ကြီးဌာနပြောကြားချက်အရ ရရှိသော ဘွဲ့မှာ အဆင့်မှီမှု မရှီခြင်း။

ဟူ၍ ပါရှိပြီး ကျောင်းသားများအား အစမ်းသပ်ခံပညာရေးစနစ်အောက်တွင် လျစ်လျူမရှုထားသင့်ကြောင်း
ဖော်ပြပါရှိသည်။



ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment