Pages
(Move to ...)
▼
Pages - Menu
(Move to ...)
Home
▼
Sunday, September 9, 2012
ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်
မန္တလေးစက်တင်ဘာ(၉)ရက်
၁၉၉၂ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှုများအား အဖွဲ့လိုက်စုပေါင်းဖော်ထုတ်တရား
စွဲဆိုရန်အတွက်ရဟန်း၊ရှင်လူပြည်သူတို့၏ထာက်ခံဆန္ဒမဲလက်မှတ် များ တောင်းခံသွားမည်ဖြစ်ေ
ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ(၉)ရက်နေ့မွန်းလွဲ၁နာရီကမန္တလေးမြို့ဒက္ခိဏရာမဘုရားကြီးတိုက်တွင်မြောက်ပိုင်း အမှုမှန်ဖော်ထုတ်ရေး
အဖွဲ့ကပြု
လုပ်သည့်ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင်
ပါဂျောင်ဒေသမှလွတ်မြောက်လာခဲ့သည
် ကျောင်းသားဟာင်းများက ဖြစ်ပွားခဲ့သည်
များကို ရှင်းလင်းပြောကြားကြသည်။
ယခုအမှုကို တစ်ဦးချင်းသွားလျှင် ရှည်လျားနေမည်စိုးသောကြောင့် အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန
် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ
နိုင်ငံတော် သမ္မတ၊ လွှတ်တော်နှင့် တရားရေးအဖွဲ့ထံ တင်သွင်းသွားမည်ဟု ကိုယ်တိုင်ကြုံခဲ့သူ ဦးဆမားညီညီကပြောသည်။
ထိုသို့တင်သွင်းရာတွင် မန္တလေးဝန်းကျင် ပြည်သူများထံမှ လူထုထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ယခုအမှုကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန
်၊ ယင်းအဖွဲ့မှစုံစမ်းစစ်ဆေးထားသည်
့ရလဒ်များအပေါ် အခြေခံပြီး တရားစီရင်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးဆမားညီညီကပြောသည်။
“နိုင်ငံတော်ကသူတို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိ
ုလည်းကျွန်တော်တို့စိတ်မ၀င်စားပါဘူး။ခွင့်လွှတ်ဖို့ကတော့ ဘယ်တော့မှ
တောင်းဆိုလို့မရပါဘူး”
ဟု ၄င်းကပြောသည်။
အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ရာတွင်ယင်းရာဇ၀တ်မှုများကျူးလွန်ခဲ့သူများပါဝင်မည်ကို မလိုလားကြောင်း မြောက်ပိုင်း
ပြန်ရဲဘော်ဟောင်းမျ
ားက ပြောသည်။
7Day News journal
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment