SNLD ရုံးခန်းဖွင့်ပွဲမှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး စကားပြောနေစဉ် |
ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဗဟိုဌာနချုပ် ရုံးခန်း ဖွင့်
ပွဲနဲ့
ဆိုင်းဘုတ်တင် အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ
ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ ဦးတင်ဦး၊
ဦးဥာဏ်ဝင်း စတဲ့ NLD ပါတီခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေးပါတီအသီးအသီးက
ပုဂ္ဂိုလ်
(၁၀၀)ကျော် တက်ရောက်ခဲ့သလို၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့
ဦးအောင်မင်းနဲ့ ဦးစိုးသိမ်း တို့ကလည်း ဂုဏ်ပြုပန်းခြင်း
တွေပေးပို့ခဲ့ပါတယ်။SNLD ပါတီအနေနဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့
တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ
ဆက်လက်လုပ်ဆောင်သွားမယ်လို့ SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦးက အခမ်းအနားမှာ
ပြော
ကြားခဲ့ပါတယ်။
အခမ်းအနားမှာ SNLD ပါတီကနေ ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင်ကိုလည်းထုတ်
အခမ်းအနားမှာ SNLD ပါတီကနေ ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင်ကိုလည်းထုတ်
ပြန်ခဲ့ပါတယ်။
အခုလတ်တလောကြုံတွေ့နေရတဲ့တိုင်းရင်းသားပဋိပက္ခတွေပေါ်မူတည်ပြီး နောက်ထပ်ဖြစ်လာနိုင်မယ့် ပြည်
အခုလတ်တလောကြုံတွေ့နေရတဲ့တိုင်းရင်းသားပဋိပက္ခတွေပေါ်မူတည်ပြီး နောက်ထပ်ဖြစ်လာနိုင်မယ့် ပြည်
နယ်ပြသနာတွေကို သက်ဆိုင်ရာပြည်နယ်အစိုးရတွေက
ကိုယ်တိုင်ဖြေရှင်း သွားနိုင်ဖို့အတွက် ပြည်နယ်
အစိုးရတွေရဲ့
လုပ်ပိုင်ခွင့်တွေကို ကြိုတင်အပ်နှင်းသင့်ကြောင်း ၊ စစ်မှန်တဲ့
ထာဝရငြိမ်းချမ်းရေးကို ရရှိစေဖို့ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို
အလေးအနက်ပြုပြီး သက်ဆိုင်သူ အားလုံးပါဝင်ပြီး တပြေးညီ
တန်းတူရည်တူပါဝင်ဆွေးနွေးနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စတဲ့
အချက်တွေကို တိုက်တွန်းဖော်
ပြထားပါတယ်။
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စား
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စား
လှယ် ဒုတိယအများဆုံးအနိုင်ရရှိခဲ့ပြီး၊
ရှမ်းပြည်နယ်မှာ အဓိကအောင်ပွဲခံခဲ့တဲ့ ပါတီဖြစ်ပါတယ်။
RFA (Burmese)
No comments:
Post a Comment