Pages

Pages - Menu

Thursday, August 16, 2012

ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်

ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး ကုလားချောင်း
ကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြော
ပါတယ်။
 အဲဒီစက်လှေနှစ်စီးထဲကရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်  တစ်စီးဟာ ည(၂)နာရီမှာ ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ အတွက် အဲဒီစက်လှေကို ကုလားချောင်းကျေးရွာသားတွေက ဒီကနေ့မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသွားရောက်အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်းရဲစခန်းမှူး ဦးဝင်းသန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ် ဘာသာနဲ့ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ်(၁)အုပ်၊ စက်လှေလိုင်စင်လို့ယူဆရတဲ့ စာအိတ်(၁)အိတ်တို့ကို အာဏာပိုင်တွေက သိမ်း
ဆည်းရမိခဲ့တယ်လို့လည်းသိရပါတယ်။
 
RFA (Burmese)
 

No comments:

Post a Comment