Pages

Pages - Menu

Sunday, June 3, 2012

ယာဟူးက အချက်အလက် ရှာဖွေရေး Browser သစ်ဖန်တီး

အင်တာနက် အချက်အလက် ရှာဖွေရေးနယ်ပယ်တွင် နောက်ကောက်ကျခဲ့သော ယာဟူးကုမ္ပဏီသည် ပုံစံသစ်မိုဘိုင်း Browser တစ်မျိုးကို ထပ်မံ ဖန်တီးခဲ့ကြောင်း သိရသည်။


Yahoo!Axis ဟု အမည်ပေးထားသော Browser ကို အက်ပဲလ်၏ iOS စနစ်သုံး ပစ္စည်းများတွင် မိုဘိုင်း Browser အဖြစ် သုံးနိုင်မည်ဖြစ်သလို ပီစီကွန်ပျူတာများတွင်လည်း မော်ဇီလာ၊ IE ၊ ဆာဖာရီ၊  Chrome တို့တွင် Add on အဖြစ်ထည့်ကာ သုံးနိုင်မည်ဖြစ်သည်။

အချက်အလက်တစ်ခုကို ရှာဖွေပြီး ဖွင့်လိုက်ချိန်တွင်လည်း  ရှာဖွေပေးထားသည့် အခြား အချက်အလက်များကိုပါ Preview အဖြစ် ဆက်ကြည့်လိုက ကြည့်နိုင်ခြင်း၊ ခေါက်ပြီးဝှက်ထားလိုက ၀ှက်ထားနိုင်ခြင်းတို့မှာ အခြားအချက်အလက် ရှာဖွေရေးဝန်ဆောင်မှုများနှင့် မတူသည့် ထူးခြားချက်ဖြစ်သည်။

ဝက်ဘ်စာမျက်နှာတစ်ခုကို ဖွင့်ထားစဉ် အချက်အလက်ရှာဖွေမှုကိုလည်း တစ်မျက်နှာတည်းတွင် တစ်ပြိုင်နက် လုပ်ဆောင်နိုင်မှုလည်း ပါရှိသည်။

Ref;AFP

No comments:

Post a Comment