Tuesday, July 28, 2026

ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးဒေသတွင် အင်အား ၇ ဒသမ ၁ ပြင်အားငလျင် လှုပ်ခတ်၊ အဆောက်အဦးအချို့ ပြိုကျမှုများဖြစ်ပေါ်



တိုကျို။ ဇူလိူင် ၂၈. ၂၀၂၆
ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးဒေသတွင် အင်အား ၇ ဒသမ ၁ ပြင်အားငလျင် လှုပ်ခတ်ခဲ့ပြီး အဆောက်အဦးအချို့ ပြိုကျမှုများဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
“ဒီမြေငလျင်က ကုန်းတွင်းမှာ ဖြစ်ခဲ့တာပါ။ ဆူနာမီလှုပ်ရှားမှု မတွေ့ခဲ့ရပါဘူး” ဟု အေဂျင်စီ ပြောခွင့်ရသူတစ်ဦးက အစောပိုင်းတွင် ပြောသည်။
မြေငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံပြိုကျမှု၊ မီးလောင်မှု နှင့် ဒဏ်ရာရရှိမှုသတင်းများ ကြားရကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ပြောသည်။



“ဒဏ်ရာရရှိမှု နဲ့ အဆောက်အအုံ ပျက်စီးမှုအတိုင်းအတာကို ကျွန်မတို့ လေ့လာနေဆဲပါ။ ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိတယ်လို့တော့ ကျွန်မကို ပြောကြပါတယ်” ဟု မစ္စက်တာကာအိချိက ပြောသည်။
အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ လမ်း ၊တံတား ပျက်စီးမှု အဆောက်အဦး ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။
နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် ပုံမှန်မဟုတ်သော အခြေအနေ မတွေ့ရှိရကြောင်း ဂျပန်နျူကလီးယားကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ကလည်း ပြောကြားသည်။
ငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့ရာ ကူမာမိုတို စီရင်စုတွင် နေအိမ်ပေါင်း ၄၅၀၀၀ ခန့်တွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်း ယင်းဒေသကို ဓာတ်အားပေးလုပ်ငန်း Kyushu Electric Power က ပြောသည်။ ၎င်းဒေသတွင် ၎င်းတို့ နျူကလီးယား ဓာတ်အားပေးစက်ရုံများလည်း ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ဓာတ်အားပေးလုပ်ငန်းက ပြောသည်။
ကူမာမိုတိုဒေသသည် ၂၀၁၆ ခုနှစ် က ဖျက်အားပြင်းသော မြေငလျင် နှစ်ခုကို မြင်တွေ့ခဲ့ရသည်။ ပထမ တစ်ခုမှ ၆ ဒသမ ၅ ပြင်းအား ရှိပြီး နောက်နှစ်ရက် အကြာတွင် ပြင်းအား ၇ ဒသမ ၃ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ရာ လူပေါင်း ၂၇၃ ဦး သေဆုံးခဲ့ပြီး ၂၈၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ်တွင်လည်း နောက်ဆက်တွဲ ငလျင်များကို သတိထားကြရန် ပညာရှင်များက သတိပေးနေကြသည်။
Source: AFP
Photo:NHK

No comments:

Post a Comment