Pages

Pages - Menu

Monday, December 15, 2025

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို အစ္စရေးကလုပ်ကြံ သ-တ်ဖြတ်ခဲ့



15.December.2025
ဂါဇာ ကမ်းမြှောင်ဒေသ တောင်ပိုင်းမှာ ပေါက်ကွဲမှု တစ်ခုကြောင့် အစ္စရေး စစ်သားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ ရာ့ဒ်ဆာ့ဒ်ကို လုပ်ကြံ သ-တ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံကနေ စပိန်နိုင်ငံဆီကို ဆေးခြောက်တွေ မှောင်ခိုသွင်းဖို့ ရဟတ်ယာဉ်တွေနဲ့ ဝင်လာတဲ့ ရာဇဝတ်ဂိုဏ်းတခုကို စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်းခဲ့



15.December , 2025
မော်ရိုကိုနိုင်ငံကနေ စပိန်နိုင်ငံဆီကို ဆေးခြောက်တွေ မှောင်ခိုသွင်းဖို့ ရဟတ်ယာဉ်တွေနဲ့ ဝင်လာတဲ့ ရာဇဝတ်ဂိုဏ်းတခုကို ဖြိုခွင်းခဲ့ပြီး လေကြောင်း မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို တားဆီးတဲ့ ရှားရှားပါးပါး စစ်ဆင်ရေးတခုလည်း ဖြစ်တယ်လို့ စပိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။