အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးတို့ရဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ပူးတွဲ ကြေညာချက်မှာတော့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး အစ္စရေးကာ့ဇ်တို့ရဲ့ အမိန့်အရ အစ္စရေးစစ်တပ်က စစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ဆာ့ဒ်ကို ရှင်းလင်းပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆာ့ဒ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ကို ကျူးကျော်ပြီး ဟားမားစ်တွေက တိုက်ခိုက်ခဲ့ရာမှာ နောက်ကွယ်က အဓိက ပဲ့ကိုင်သူ တစ်ဦးအဖြစ် အစ္စရေးက စွပ်စွဲထားပါတယ်။
ဟားမားစ်ကတော့ ဆာ့ဒ်ေ-သဆုံးသွားပြီလို့ အတည်ခဲ့ပါတယ်။ နောက်ပြီး ဒီလုပ်ရပ်ဟာ အောက်တိုဘာ ၁၀ ရက်မှာ စတင် အသက်ဝင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို အစ္စရေးက ချိုးဖောက်ခြင်း ဖြစ်တယ်လို့လည်း ဟားမားစ်က အခိုင်အမာ ပြောပါတယ်။
အစ္စရေးကတော့ ဂါဇာတောင်ပိုင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ အရန်တပ်ဖွဲ့ဝင်နှစ်ဦး ပေါက်ကွဲမှုကြောင့် ဒဏ်ရာအနည်းအကျဉ်း ရခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ပြောပါတယ်။
ဆာ့ဒ်ဟာ ဟားမားစ်ရဲ့ လက်နက် ထုတ်လုပ်ရေး ဌာနခွဲ ခေါင်းဆောင်ဖြစ်ပြီး အရင်က စစ်ဆင်ရေး ကဏ္ဍတွေမှာလည်း ကြီးမှူး တာဝန်ယူခဲ့တယ်လို့ အစ္စရေး ထောက်လှမး်ရေးက ပြောပါတယ်။
ကိုးကား: CNA /ဓာတ်ပုံ - AP

No comments:
Post a Comment