ဇူလိုင် ၁ ရက်နေ့ ညနေ ၆ နာရီအချိန် အောင်မြေသာစံမြို့နယ်၊ ၂၆×၆၂ လမ်းထောင့်တွင် ဒုတပ်ကြပ် ချစ်ဇော်ဝင်းကို ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားရာ ဒုတပ်ကြပ် ချစ်ဇော်ဝင်းမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အဆိုပါ ယာဉ်ထိန်းရဲသည် မန္တလေးမြို့ခံဖြစ်ပြီး ဆိုင်ကယ်နှင့်ကားများကို ဖမ်းဆီး ငွေညှစ်လေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။
"ဆိုင်ကယ်ပေါ်ကနေ ၃ ချက်ပစ်သွားတာ။ အပစ်ခံရတဲ့ ယာဉ်ထိန်းရဲကလည်း ရိုးရိုး အရပ်ဝတ်နဲ့ပဲ။ ဘောင်းဘီတိုနဲ့ တစ်ခါတည်း ပွဲချင်းပြီးပဲ။ သူက မန္တလေးသား။ ငွေအတောင်းကြမ်းတော့ နာမည်ကြီးတဲ့သူပဲ" ဟု မန္တလေး ကားကြီးဝင်းမှ ဒေသပြည်သူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း ပစ်ခတ်သူများကို ဖမ်းဆီးရမိခြင်းမ ရှိဟု ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။


No comments:
Post a Comment