RangonNewsDaily::August 4, 2022
ဩဂုတ်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပိန်နဲကုနျး အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင် (ခေါ်) ဖိုးကုလားသည် စစ်တပ်သတင်း ပေးအဖြစ် လုပ်ဆောင်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖမ်းဆီးခြင်း၊ သတင်းများ စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်ကြောင်း၊ ထို့ပြင် ကိုဂျင်မီ အိမ်ရှေ့ ဆဲဆို ခဲဖြင့်ပေါက်မှုတွင် ဦးဆောင်ပါဝင်ခဲ့ကြောင်း၊ တော်လှန် ရေး ရဲဘော်များ ခိုအောင်းနေထိုင်သည့် နေရာများကို ဖော်ထုတ်၍ ဖမ်းဆီးစေခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းစေခြင်း၊ တော်လှန်ရေးကို ထောက်ပံ့လှူဒါန်းနေသော အလှူရှင်များကို ဖမ်းဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
Yangon Liberation Forceမှ ရဲဘော်တစ်ဦးက "ပိန်နဲကုနျးအုပျခြုပျရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားပေါ့။ သူသည် ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာတယ်။ ဆိုင်ကယ်ကို အိမ်ရှေ့မှာရပ်ပြီးတော့ အိမ်ရှေ့က ခုံမှာ ထိုင်နေတဲ့အချိန် ၁၂ နာရီနဲ့ ၇ မိနစ်အချိန်။ အဲဒီမှာ စပစ်တယ်။ အဲဒီမှာ ဖိုးကုလားက ကြောက် အားလန့်အားနဲ့ အိမ်ပေါ်ကို တက်ပြေးတယ်။ အိမ်ပေါ်တက်ပြီး ၆ ချက် တိတိပစ်တယ်။ ရင်ဘတ်တစ်ချက်၊ နဖူးတစ်ချက်နဲ့ နားထင် တစ်ချက်ထိမှန်ပြီး အဲဒီနေရာမှာ ပွဲချင်းပြီးတယ်။ နေရာကတော့ ရွာသစ် ၄ လမ်း အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာပါ" ဟု ပြောဆိုသည်။
ပိန်နဲကုနျးအုပျခြုပျရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အင်းစိန်မြို့နယ်တစ်ခွင်ကို စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်ပြီး မသင်္ကာသော လူငယ်တချို့ကို ဖမ်းဆီးမှုများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
No comments:
Post a Comment