Pages

Pages - Menu

Friday, March 15, 2019

ကေပေါ့ပ်လောက လိင်အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး အဆိုတော် ဂျောင်းဂျွန်ယောင်းနှင့် Big Ban အဖွဲ့ဝင် ဆန်းရီကို ရဲတပ်ဖွဲ့က စစ်ဆေး


Rangonnewsdaily::Friday, March 15, 2019
လိင်အရှုပ်တော်ပုံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက် အဆိုတော်ဂျောင်းဂျွန်ယောင်းနှင့် Big Bang အဖွဲ့ဝင် ဆန်းရီတို့ကို ရဲတပ်ဖွဲ့က မတ် ၁၄ ရက်တွင် စုံစမ်းစစ်ဆေးခဲ့သည်။

မတ် ၁၄ ရက်တွင် ဆိုးလ်ရဲစခန်းသို့ ဂျောင်းဂျွန်ယောင်းရောက်ရှိလာသည်ကို ရုပ်သံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ အသက် ၃၀ နှစ်အရွယ်ရှိ ဂျောင်းသည် အမျိုးသမီး ၁၀ ဦးခန့်နှင့် လိင်ဆက်ဆံစဉ် လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်များကို Kakao Talk group chatroom တွင် ဝေမျှခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
“လူထုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်။ စုံစမ်းစစ်ဆေးမှုကို တိတိကျကျ လိုက်နာဆောင်ရွက်မှာပါ” ဟု ဂျောင်းက ရဲစခန်းသို့မဝင်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျောင်းသည် အတူနေအမျိုးသမီးများထံမှ သဘောတူခွင့်ပြုချက်မရဘဲ လျှို့ဝှက်ကင်မရာဖြင့် ဗီဒီယိုများ ရိုက်ကူးခဲ့သည်ဟု မတ် ၁၃ ရက်က ဝန်ခံခဲ့ပြီး ၎င်း၏ အနုပညာအလုပ်များကို ရပ်နားတော့မည်ဟု ထုတ်ပြန်ခဲ့သည်။
စီးပွားရေးရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာများ စီစဉ်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဂျောင်း၏ မိတ်ဆွေဖြစ်သည့် အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် ဆန်းရီကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ဂျောင်း ၏ လျှို့ဝှက်ဗီဒီယိုရိုက်ကူးမှု အရှုပ်တော်ပုံကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန်းရီ(အမည်ရင်း Lee Seung hyun) သည်လည်း မတ် ၁၄ ရက်တွင် ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့တွင် လာရောက်စစ်ဆေးခံခဲ့သည်။ ဆန်းရီသည် Chatroom အဖွဲ့တွင် ပါဝင်သည့် အမျိုးသားရှစ်ဦးထဲမှ တစ်ဦးဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ စီးပွားရေးအကျိုးအမြတ်အတွက် လိင်ဝန်ဆောင်မှု စီစဉ်ပေးမှု၊ လာဘ်ထိုးမှုအပါအဝင် ၎င်းကို စွပ်စွဲထားသည့် စွဲချက်အားလုံးကို အသက် ၂၈ နှစ်အရွယ်ရှိ ဆန်းရီက ငြင်းဆိုခဲ့သော်လည်း အရှုပ်တော်ပုံများကြီးထွားလာစဉ် အနုပညာအလုပ်များ ရပ်နားတော့မည်ဟု မတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။
ဂျောင်းနှင့် ဆန်းရီကို စုံစမ်းစစ်ဆေးနေစဉ် Highlight အဖွဲ့မှ အဆိုတော် Yong Jun Hyung က Chatroom Group မှ ဂျောင်း၏ဗီဒီယိုများကို လက်ခံကြည့်ရှုခဲ့သည်ဟု မတ် ၁၄ ရက်တွင် ဝန်ခံခဲ့ပြီး အဖွဲ့မှ နုတ်ထွက်မည်ဟု ပြောကြားခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသည့် အရှုပ်တော်ပုံများသည် ကိုရီးယား၏ ပြိုင်ဆိုင်မှုလွန်ကဲသော အနုပညာလောက၏ အမှောင်ဘက်ခြမ်းကိုဖော်ပြခဲ့သည်။ တောင်ကိုရီးယားပေါ့ပ်သီချင်းများ၊ ရုပ်သံဇာတ်လမ်းတွဲများနှင့် ဇာတ်ကားများသည် အာရှအပြင် အနောက်နိုင်ငံများတွင်ပါ လူကြိုက်များခဲ့သော်လည်း အမျိုးသားအနုပညာရှင်များသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ကိုယ်ထိလက်ရောက် စော်ကားမှုစွပ်စွဲမှုများနှင့် ကြုံတွေ့ခဲ့ပြီး ပညာသင်အမျိုးသမီး အနုပညာရှင်များသည် သြဇာကြီးသည့် အမျိုးသားများကို လိင်ဝန်ဆောင်မှုပံ့ပိုးပေးရန် ခိုင်းစေခံခဲ့ရသည်ဆိုသော သတင်းများ ထွက်ရှိခဲ့သည်။
#Eleven Media Group

Rangonnewsdaily

No comments:

Post a Comment