Pages

Pages - Menu

Tuesday, March 7, 2017

လှည်းတန်း ဘူတာ အနီးမှာနားကြပ်တပ်ပြီးရထားလမ်း အတိုင်းလမ်းလျှောက်လာတဲ့အသက် ၂၂နှစ်အရွယ် အမျိုးသမီး တစ်ဦး ရထားတိုက်ခံရပြီးသေဆုံး


RangonNewsDaily::Tuesday. March 7. 2017
လှည်းတန်း ဘူတာ အနီးမှာနားကြပ်တပ်ပြီးရထားလမ်းအတိုင်းလမ်းလျှောက်လာတဲ့အသက် ၂၂နှစ်အရွယ် အမျိုးသမီး တစ်ဦးသည့်ကနေ့ မနက် ၇နာရီ ၄၀မိနစ်မှာ ရထားတိုက်သေဆုံးခဲ့တယ်လို့ ကမာရွတ် ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် အောင်သီဟဇော်က ပြောပါတယ်။







ဟံသာဝတီ ကနေ ကမာရွတ်ဘူတာဘက်ကို မောင်းလာတဲ့ ရထားက လှည်းတန်းဘူတာအနီးမှာ သေဆုံးသူ အမျိုးသမီးကိုတိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာရထားတိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ ဒုရဲအုပ် အောင်သီဟဇော်က ပြောပါတယ်။
‘’သေဆုံးတဲ့ အမျိုးသမီးက ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကို သေမှု သေခင်းဖွင့်ပြီး စစ်ဆေးနေတယ်။”လို့ ဒုရဲအုပ်အောင်သီဟဇော်က ဆက်လက်ပြောပါတယ်။
သေဆုံးသူအမျိုးသမီးမှာ ခြေထောက်တစ်ဖက်ပြတ်ပြီး ပွန်းပဲ့ ဒဏ်ရာတွေ ရရှိကာ သေဆုံးခဲ့တာဖြစ်ပြီး ပဲခူးတိုင်း ဖြူးမြို့နယ်မှ ကမာရွတ်မြို့နယ်မှာ အဆောင်နေထိုင်သူ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးမှာ မျက်မြင်သက်သေတွေ ပြောကြားချက်အရ နားကြပ်တပ်ကာ ရထားလမ်းအတိုင်း လမ်းလျှောက်ပြီး နောက်ကရထားလာတာကို သိပုံမရဘဲ ဘေးကလူတွေ ၀ိုင်းအော်နေတာကိုလည်း မကြားခဲ့ဘူးလို့ သိရပါတယ်။

ရထားတိုက် / Photo – Mg Mg Zin
Author – မို့မို့သန္တာ/ Kumudra




No comments:

Post a Comment