RangonNewsDaily::Thursday. March 9. 2017
ပြည်တွင်းအခွန်များဦးစီးဌာနရုံး၊ ဒုတိယဦးစီးမှူးတစ်ဦး အား မူးယစ်ဆေးဝါးသုံးစွဲနေစဉ် WY စိတ်ကြွမူးယစ်
ဆေးပြားများနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ဘားအံမြို့မ
ရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက အကုန်သိသတင်း ဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ မတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် ဘားအံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်အောင်မျိုးကျော် ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ သက်သေများ
နှင့်အတူ ဘားအံမြို့၊အမှတ်(၄)ရပ်ကွက်၊သီရိလမ်းရှိ ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ထွန်းဇော်(၄၂)နှစ်၊ (ဘ)ဦးလှညွန့်၏အိပ်ခန်းဆောင်အား ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေရာ ထွန်းဇော်နှင့်အတူ ကျော်ကျော်ထိန်လင်း(၃၇)နှစ်၊
(ဘ)ဦးမောင်မြင့်လေး၊ ရွှေဘိုကျောင်းလမ်း၊ အမှတ်(၃)ရပ်ကွက်၊ ဘားအံမြို့နေသူတို့အားစိတ်ကြွဆေးပြား(၁၆)ပြား
နှင့်ဆေးရှူရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ဒုရဲအုပ်အောင်မျိုးကျော်မှ ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား ပူးပေါင်းအဖွဲ့မှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်အရ WY ဆေးပြား
များအား ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်းနေ မိုးမင်းဝင်း(၂၃)နှစ်၊ (ဘ)ဦးချစ်တင်ထံမှ ဝယ်ယူရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရသဖြင့် မိုးမင်းဝင်း၏နေအိမ်အား ဝရမ်း ဖြင့်ဝင်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး မတွေ့ရှိဘဲ ၎င်းမူးယစ်ဆေးဝါး ရောင်းချရာတွင်အသုံးပြုသည့် Huawei အမျိုးအစား လက်ကိုင်ဖုန်းအား ရှာဖွေပုံစံဖြင့်
သိမ်းဆည်းခဲ့ကြောင်း သိရသည်။

၎င်းအားစစ်ဆေးရာ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ အုပ်စု၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံဝင်းနေ ကုလားမ(ခ)
စိုးစံ(၂၈)နှစ် ထံမှ ဖုန်းဖြင့်ဆက်သွယ် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကုလားမအား သက်သေများနှင့်အတူသွားရောက်ဖမ်းဆီးခဲ့ရာ ၎င်းမောင်းနှင်လာသည့် နံပါတ်မပါ CBRအမျိုးအစား ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် အနီရောင်တိပ်ဖြင့်ပတ်ကာ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသောWYစာတမ်းပါ စိတ်ကြွဆေးပြား
(၂၇၂)ပြား၊ ငွေစက္ကူရောရာ(၅၀၀၀၀)ကျပ်၊ ဆေးရှူရာ တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ
၎င်းကိုင်ဆောင်ထားသည့်VIVOအမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံးတို့အား သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့ကြောင်းသိရပြီး ၎င်းတို့အားလုံးကို ဒုရဲအုပ်အောင်မျိုးကျော်မှ တရားလိုပြုလုပ်ကာ ဘားအံမြို့မရဲစခန်း၌ မယ(ပ)၂၃/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ မင်းသူ၊ထွန်းထွန်းထွေး (ဘားအံ)
No comments:
Post a Comment