Pages

Pages - Menu

Monday, October 10, 2016

မုံရွာမြို့လယ် တည်းခိုခန်းတစ်ခု၏ အခန်းတွင်း လူသတ်မှု ပုတ်ပွစပြုနေမှ ပတ်ဝန်းကျင်သိ


Monday. October 10. 2016
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းရှိ တည်းခိုခန်းတစ်ခု၏ အခန်းတွင်း လူသတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ပုတ်ပွစပြုနေမှ ပတ်ဝန်းကျင်းသိရှိရသော ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းက သိရသည်။
'' လူသတ်မှုလို့ပြောနိုင်တဲ့ အခြေအနေက အခင်းဖြစ်ပွားရာမှာ အသုံြးုပုတဲ့ သဲလွန်စပစ္စည်းအချို့ရဲ့ အထောက်အထားများအရဖြစ်တယ် ..." ဟု မုံရွာမြို့မရဲစခန်းစမှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောသည်။
အဆိုပါ တည်းခိုခန်း၏ မန်နေဂျာဖြစ်သူ ဦးသောင်းဌေး၏ ပြောပြချက် ဧည့်စာရင်းမှတ်တမ်းများအရ ၎င်းတည်းခိုခန်း၏ (၅)လွှာ၊ အခန်းအမှတ်(၅၀၆)အား အောက်တိုဘာ(၆)ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ယားကျေးရွာနေ ဦးကြည်ခိုင် ဆိုသူသည် ကိုသိန်းဆွေ အသက်(၃၈)နှစ်၊ (ဘ)ဦးညွှန့် မှတ်ပုံတင်အမှတ် ၅/ မကန(နိုင်)၀၄၁၉၂၉ သေဆုံးပြီးသူ၏ မှတ်ပုံတင်အားကိုင်ဆောင်၍ ဦးရဲဝင်းကို ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ ဆိုသူနှင့် ရောက်ရှိလာပြီး နှစ်ဦးအတူ တည်းခိုနေထိုင်ခဲ့ခြင်းဖြစ်ပြီး
ဦးရဲဝင်းကို ဆိုသူသည် အောက်တိုဘာ(၇)ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ၎င်းတည်းခိုးသော အခန်းမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။



ထို့နောက် အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ပတ်ဝန်းကျင်းမှ အပုတ်နံ့ရသည့်အတွက် ယင်းအခန်းအား ဖွင့်ကြည့်ရာ အခန်းတွင်းရှိ ကုတင်ပေါ်တွင် ဘေးတစောင်းလဲလျက် ဦးခေါင်းကြေမွဒဏ်ရာများနှင့် သေဆုံးနေသည့် လူတစ်ဦးအား တွေ့ရှိရခြင်းဖြစ်သည်။
.
ထို့ကြောင့် အဆိုပါ လူသတ်မှုဖြစ်ပွားရာနေရာသို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်၊ စီအိုင်ဒီ(မုံရွာ) တာဝန်ခံနှင့် ရဲစခန်းမှူးတို့ရောက်ရှိလာပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာ အခန်းအတွင်းရှိ အိမ်သာနှင့် အုတ်နံရံအကြားနေရာမှ ဆံပင်စများကပ်လျက် အရှည် ၁၈ လက်မ ၊ (၃×၂) သစ်သားချောင်းတစ်ချောင်းအား တွေ့ရှိရသဖြင့် ရှာဖွေပုံစံရေးသွင်းသိမ်းဆီးပြီးနောက် မုံရွာမြို့ရဲစခန်း(ပ) ၁၄၅၇/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်း = ကိုတိုးကြီး + ဓာတ်ပုံ = ဦးဆွေ

KOLATT(PBDN)

RangonNewsDaily




No comments:

Post a Comment