Pages

Pages - Menu

Monday, October 10, 2016

အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးပိုင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေ

Monday. October 10. 2016
ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်ခြင်း၊ ထေရ၀ါဒနဲ့ မအပ်စပ်တဲ့ လုပ်ငန်းတွေဆောင်ရွက်ခြင်းနဲ့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အုပ်ချုပ်ရေးပိုင်းဟာ အလွဲသုံးစား ပြုလုပ်တာတွေရှိနေတယ်လို့ တိုင်ကြားတာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေပါတယ်။
တက္ကသိုလ်ကျောင်းနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က တိုင်ကြားလာတာကြောင့် စစ်ဆေးနေတယ်လို့ သာသနာရေးဦးစီးဌာန အရာရှိတစ်ဦးက ပြောကြားထားပြီး တိုင်ကြားမှုမှာ ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်ခြင်း၊ ထေရ၀ါဒနဲ့ မအပ်စပ်တဲ့ 
လုပ်ငန်းတွေဆောင်ရွက်ခြင်းနဲ့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
.
အဆိုပါ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေက လုပ်ထုံးလုပ်နည်းနဲ့ မှားယွင်းနေလားဆိုတာကို စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စိစစ်နေကာ ပေါ်ပေါက်ပြီးဖြစ်ရပ်တွေ ရှိလာခဲ့မယ်ဆိုရင် လိုအပ်တဲ့အတိုင်းအတာ တစ်ခုအထိ အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ သာသနာရေး ဦးစီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောကြားထားပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာကို အောက်တို ဘာ ၁၇ ရက်ထက် နောက်မကျဘဲ တင်သွင်းဖို့ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
Source: 7Day Daily

No comments:

Post a Comment