Pages

Pages - Menu

Sunday, June 26, 2016

မော်လမြိုင်မြို့ရှိ တောင်ဝိုင်းဗုဒ္ဓဝင် ဘုရားဝင်းအတွင်းမှ အလှူခံပုံးများ ဖောက်ထွင်းခံရ


RangonNewsDaily::Sunday. June 26. 2016 
မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်း ဗုဒ္ဓဝင် ကုသိနာရုံ ဘုရားဝင်းအတွင်းရှိ ကျောက်သပိတ် စေတီတော်နှင့် တောင်ညိုရှင် ဘိုးဘိုးနတ်နန်းမှ အလှူခံပုံး နှစ်ပုံးကို ဇွန် ၂၄ ရက် နံနက် ၃ နာရီခွဲက ဖောက်ထွင်းခံခဲ့ရကြောင်း ဗုဒ္ဓဝင် ဂေါပက အတွင်းရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။
အလှူခံပုံး ဖောက်ထွင်းသူမှာ ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ သိမ်ဖြူကုန်းရပ်မှ အသက် ၄၅ နှစ်အရွယ်ရှိ ဦးသိန်းနိုင်ဆိုသူဖြစ်ပြီး ၎င်းသည် အလှူခံပုံးမှ ရွှေလက်ကောက်အတု တစ်ကွင်း၊ ရွှေဆွဲကြိုးအတု တစ်ကုံး၊ ရွှေရောင်နှင့် ငွေရောင်ရောနေသည့် ဟန်းချိန်းအတု တစ်ခု၊ ကျောက်စီဟန်းချိန်းအတု တစ်ခု၊ ဘော်နှင့်လုပ်ထားသည့် ဆွဲသီး တစ်ခုနှင့် ငွေစက္ကူ ၇၈၂၀၀ ကျပ်တို့ကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်ဟု မုပွန်နယ်မြေ ရဲစခန်းမှတ်တမ်းများအရ သိရသည်။
.
မုပွန်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်ကြီး အုန်းမြင့်နှင့်အဖွဲ့သည် ညပိုင်းလှည့်ကင်း ဆောင်ရွက်နေစဉ် ဈေးကြိုရပ်ကွက် တောင်ဝိုင်းလမ်း ဗုဒ္ဓဝင်ဆိုင်းဘုတ် လမ်းဆုံတွင် လက်ဆွဲအိတ် တစ်လုံးကို ကိုင်ဆောင်ကာ ညအချိန်မတော် လမ်းလျှောက်လာသည့် ဦးသိန်းနိုင်ကို မသင်္ကာဖြစ်၍ စစ်ဆေးခဲ့ရာမှ ယင်းလက်ဆွဲအိတ် အတွင်းထဲမှ လုံချည်နှင့် ထုတ်ထားသော ချိုတစ်ဖက် ကျိုးနေသည့် ဆိတ်ချိုတူ တစ်လက်နှင့် ဖောက်ထွင်းပစ္စည်း အပိုင်းအစများကို တွေ့ရှိခဲ့ပြီးနောက် ဆက်လက် ရှာဖွေရာတွင် ရွှေအတုများနှင့် ငွေများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
ဘုရားအလှူငွေများ ဖောက်ထွင်းသူသည် ကျောက်သပိတ် စေတီတော်အတွင်း ဝင်ရောက်ရန် စေတီတော် အနောက်ဘက်မှ သံပန်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး၊ ဘိုးဘိုးကြီး နတ်နန်းအတွင်း ဝင်ရောက်ရန် သော့ခတ်ထားသည့် သံကွင်းကို ဆွဲဟထားခြင်းဖြစ်ကြောင်း ဦးမြင့်စိုးက ဆိုသည်။
ဓာတ်ပုံ - ဉာဏ်စိုးဝင်း ။ The Voice

KOLATT(PBDN)

RangonNewsDaily




No comments:

Post a Comment