Pages

Pages - Menu

Monday, June 27, 2016

လမ်းသွယ်ထဲက အရှိန်နဲ့ထွက်လာတဲ့ဆိုင်ကယ်ကြောင့် အဖြစ်ဆိုးရတဲ့ ကား


RangonNewsDaily::Monday. June 27. 2016 
23-6-2016 နေ့ နေ့ လည် မှော်ဘီကအပြန် ကျနော့်ရှေ့ ပေ ၅၀၀ လောက်အကွာကမောင်းနေတဲ့ကား ခ လ ရ ၉၁ ရှေ့နားအရောက် ရွာလမ်းသွယ်ထဲက အရှိန်နဲ့ထွက်လာတဲ့ဆိုင်ကယ်ကိုရှောင်ယင်း အခုလိုအဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။

လေအိပ်ပွင့်လို့ သာအသက်မသေတာ...ကားက တုံးလုံးလဲနေပြီးမောင်းတဲ့လူ
ကားထဲညပ်နေလို့  ကားကိုလူအားနဲ့ပြန်ထောင် ဘေးဘောင်တွေကို သံတူရွင်းနဲ့ မနဲကလန့်ပြီး ထုက်ပေးခဲ့ရပါတယ် ....
မောင်းတဲ့အရှိန်က ကျနော့်ကားနဲ့သိပ်မကွာတဲ့ရှေ့ကမောင်းနေတာမို့  ကီလို ၉၀ လောက်သာရှိပေမဲ့ ရုပ်တရက်ထွက်လာတဲ့ဆိုင်ကယ်ကို ရှောင်လိုက်ယင်း အခုလိုဖြစ်သွားတာကို ရွာသား ဆိုင်ကယ်သမားကတော့ သူနဲ့မဆိုင်သလို လှည့်တောင်မကြည့်ဘဲ လစ်သွားပါတယ် ...


ကျနော်သာ အဲ့ဒီကားကိုကျော်တက်ပြီး ရှေ့ကမောင်းမိယင်....မ တွေး ဝံ့ စ ရာ....မို့  ရင်တုန်ပန်းတုန်နဲ့ ရန်ကုန်ကို ဖြေးဖြေးသာမောင်းပြီးပြန်ခဲ့ရပါတယ်ဗျာ....ရန်ကုန် ပြည်လမ်း သွားကြတဲ့ကားများ...
ရွာ သား ဆိုင် ကယ် လူ ရမ်း ကား များ ဘေး မှ ကင်း ဝေး ကြ ပါ စေ....
ရွာသား ဆိုင်ကယ် လူ ရမ်း ကား များဘေး မှ
ကင်း ဝေး ကြ ပါစေ....
Credit: U Myint Kyu
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment