Pages

Pages - Menu

Monday, April 25, 2016

“စစ်ကိုင်းတွင် မိုးသီးများသည်းထန်စွာကြွေကျ”


RangonNewsDaily::April . 25 .2016
စစ်ကိုင်းမြို့ နီလာဦးရပ်ကွက်တွင် (ဧပြီလ ၂၂ရက်) ညနေ ၃နာရီက နှစ်လက်မ ပတ်လည် အရွယ်အစားရှိ မိုးသီး များ ၁၅မိနစ်ကြာကြွေကျခဲ့ပြီး တဲအိမ်နှစ်လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း နီလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရွှေအောင်ကပြောသည်။ 





မိုးသီးများ သည်းထန်စွာကြွေကျခဲ့သည့်နေရာများတွင် ပတ်ဝန်းကျင်တစ်ခုလုံး မိုးသီးများဖုံးလွှမ်းကာ နှင်းပြင်ကဲ့သို့ ဖြစ်သွားခဲ့ကြောင်း စစ်ကိုင်းဒေသခံများကဆိုသည်။.
“မိုးတိတ်သွားတော့ရေခဲပြင်ကြီးပုံစံမျိုးဖြစ်သွားတယ်။ မိုးသီးမုန်တိုင်းပုံစံမျိုးပဲ မိုးနဲ့အတူရွာချလာတာ တခါမှဒါမျိုးမဖြစ်ဖူးဘူး လူတော့ထိခိုက်တာမရှိဘူး”ဟု အုပ်ချုပ်ရေးမှူးကပြောသည်။
Photo- Phyo Thet Ko's, 
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment