Pages

Pages - Menu

Friday, March 11, 2016

မြိတ်တွင် ခရီးသည်တင်ကား တိမ်းမှောက်၊ ၁ ဦး သေဆုံး


RangonNewsDaily::March . 10 .2016
မြိတ်မြို့မှာ မတ်လ ၁၀ ရက်နေ့ မနက် ၄ နာရီလောက်က ကော့သောင်းကနေ မြိတ်မြို့ကို မောင်းနင်းလာတဲ့ ရွှေဝယ်ဟိန်းခရီးသည်တင် ကားတစီး တိမ်းမှောက်ခဲ့လို့ ခရီးသည် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ခရီးသည် ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ရွှေဝယ်ဟိန်းခရီးသည်တင်ကားဟာ မြိတ်မြို့ တက်လက်ငယ်ကျေးရွာ၊ တက်လက်ငယ်ချောင်းရိုးတံတား မိုင်တိုင်အမှတ်(၃၁/ ၃၂) အကြား အကျယ် ၁၀ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတားပေါ်မှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ချောင်းထဲ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။
.
အသက် ၄၁ နှစ်အရွယ် မွန်လမြိုင်ဇာတိ ဒေါ်အေးကြည်ဟာ ထိခိုက်ဒဏ်ရာများရကာ မြိတ်ပြည်သူ့ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ အမျိုးသားတဦးက ပြောဆိုပါတယ်။
.
အဆိုပါ ခရီးသည်တင်ကားမှာ ခရီးသည် စုစုပေါင်း ကလေး/ လူကြီးအပါဝင် ၁၄ ဦး စီးနင်းလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။
.
လက်ရှိမှာ ယာဉ်မောင်းသူဟာ ၀ဲဘက်ခြေသလုံးကျိုးသွားခဲ့လို့ မြိတ်ပြည်သူ့ဆေးရုံမှာ ဆေးကုသခံနေရပြီး၊ ယာဉ်ပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ မြိတ်မြို့မရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – မြတ်ထွဋ် (မြိတ်)
DVB::--
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment