Pages

Pages - Menu

Monday, March 7, 2016

ထိုင်းနယ်စပ်တွင် တရားမ၀င်မြန်မာ ၄၆ ဦး ဖမ်းမိ


RangonNewsDaily::March . 6 .2016
ထိုင်နိုင်ငံ ကန်ချဘူရီ စိုင်ယို့  ခရိုင်အတွင်း ယနေ့ မနက်ပိုင်း ဖုနွိမ်း ရဲစစ်ဆေးရေး ဂိတ် တွင် ထိုင်းနိုင်ငံတွင်းသို့ မောင်းနှင်လာသည့် ကားနှစ်စီးပေါ် မှာ မြန်မာနိုင်ငံသား (၄၆ )ဦး ကို ဖမ်းဆီးမိခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းစာမှာရေးသားထားပါတယ်။
လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားအားလုံး တရားဝင် စာရွတ်စာတမ်းမပါဘဲ လူမှောင်ခိုသမားတွေကနေ ထိုင်းနိုင်ငံတွင်းကို ပို့ ဆောင်ကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံတ၀န်းက တရားဝင် နေထိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ဖမ်းပြီး ပြန်ပို့  ခံရတဲ့ သူတွေကို နယ်စပ်က လူကယ်ရီသမား ပွဲစားတွေက တဆင့်ကားငှားပြီး ပြန်တက်လာကြတာပါ။
.
ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကို တရားမ၀င် ပြန်ဝင်ရောက်လာမှုနဲ့  တရားစွဲမှာဖြစ်ပြီး ကားသမား နှစ်ဦးစလုံးလည်း ဖမ်းထားပြီး စစ်ဆေးနေ ပါတယ် ကားသမားတွေက မြန်မာ တဦးကို ဘတ်ငွေ ၂၀၀၀(ကျပ်ခြောက်သောင်း) နဲ့  ခေါ်တင်လာတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 
တချို့ မြန်မာနိုင်ငံသားတွေဆိုရင် ဖမ်းပြီး နယ်စပ်ပို့ တဲ့ ရဲကားက ဘန်ကောက် ပြန်မရောက်သေးခင် နယ်စပ်မှာ အသွန်ခံရသူတွေက က ကားတွေငှား ပြီး ပြန်လာခဲ့လို့  ရဲကားအရင်ပြန်ရောက်နေကြတာတွေ လည်း ရှိနေပါတယ်။
Social Action for Women - SAW ::--RangonNewsDaily






No comments:

Post a Comment