Pages

Pages - Menu

Tuesday, March 8, 2016

လှော်ကား ရေပိုက်လိုင်းပေါက် ၁၇ မြို့နယ် ရေနှစ်ရက် ပြတ်တောက်မည်


RangonNewsDaily::March . 8 .2016
ရန်ကုန်မြို့သို့ ရေပေး ဝေသည့် လှော်ကားရေပိုက်လိုင်း ပေါက်၍ ၁၇ မြို့နယ်သို့ ရေပေး ဝေမှုနှစ်ရက်ကြာ ပြတ်တောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အဆိုပါ ရေပိုက်လိုင်းဖြတ် သန်းရာ မရမ်းကုန်းမြို့နယ်၊ (၉) မိုင်၊ ဂျီအီးတပ်ဝင်းအတွင်း တစ် နေရာ၌ မတ်လ ၇ ရက် ညနေ ၅ နာရီခန့်က ရေပိုက်ပေါက်သွားခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်ရန် ယင်းနေ့ ညနေကတည်းက ရေလှောင်ကန်မှ ရေပေးပို့မှုကို ပိတ်ထားခဲ့ရကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေပိုက်လိုင်းပေါက်မှုကြောင့်မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်တို့မှ ရပ်ကွက်အချို့နှင့် တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ လှိုင်သာယာမြို့နယ်နှင့် မြို့တွင်း ခြောက်မြို့နယ်တို့တွင် နှစ်ရက်ကြာ ရေပြတ်တောက်မည်ဟု သိရသည်။
.
ယခုပေါက်သွားခဲ့သည့် ရေ ပိုက်သည် ၆၆ လက်မရှိ ကွန်ကရစ် ပိုက်လိုင်းဖြစ်ပြီး ကြံ့ခိုင်မှုလျော့ နည်းခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက လတ်တလော ခန့်မှန်းထားသည်။
ယင်းရေပိုက်လိုင်းကိုပြင်ဆင်ရန်စက်ယန္တရားများဖြင့် ကြိုးစားဆောင်ရွက်နေသော်လည်း ရေ ပိုက်လိုင်းအပေါ်နှင့် ကပ်လျက်နေ ရာအချို့တွင် ဆက်သွယ်ရေးဖုန်း ကြိုးများ မြှုပ်နှံထားခြင်းကြောင့်သတိထား ဆောင်ရွက်နေရ၍ ပြင်ဆင်ရ ခက်ခဲနေကြောင်း အ ဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
.
‘‘ပြင်ဆင်ချိန်က အမှန်ဆို ဒီလောက် မကြာဘူး။ ဖုန်းလိုင်းကြိုးတွေရှိနေတော့ လုပ်ရကိုင်ရအဆင်မပြေဘူး။ အဲဒါတွေ ရှင်းဖို့ လုပ်နေရတာနဲ့ အချိန်ပိုကြာ တယ်’’ ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တွင် မတ်လ ၃ ရက်ကလည်း ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ပြင်ဆင်အစားထိုးမှုပြုလုပ်နေသည့် ရေပိုက်လိုင်းကို လက်ရှိရေပေးဝေနေသည့် ပိုက် နှင့် ချိတ်ဆက်ရန်ဟုဆိုကာ မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ် မြို့နယ်တို့ရှိ ရပ်ကွက်အချို့ကို ငါးရက်ခန့် ရေဖြတ်တောက်ခဲ့သည်။
Photo : မရမ်းကုန်းမြို့နယ်၊ (၉)မိုင်၊ ၉၅၄ ဂျီအီးတပ်ဝင်းအတွင်း ပေါက်နေသောလှော်ကားရေပိုက်လိုင်းကို ပြန်လည်ပြင်ဆင်ရန် ရန်ကုန်မြို့တော်စည်ပင် တာဝန်ရှိသူများက မတ်လ ၇ ရက်ညနေတွင် ဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day News ::--RangonNewsDaily






No comments:

Post a Comment