Pages

Pages - Menu

Monday, February 29, 2016

ကလေးမြို့တွင် ဆောက်လက်စတိုက်တစ်လုံး ကွန်ကရစ်လောင်းစဉ် ပြိုကျခဲ့ပြီး လူနှစ်ဦးသေဆုံး


RangonNewsDaily:: February . 29 .2016
ကလေးမြို့တွင် ဆောက်လက်စ တိုက်တစ်လုံးမှ ကွန်ကရစ်လောင်းနေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်နေ့) မွန်းလွဲ ၁ နာရီခန့်က ကလေးမြို့ ဗိုလ်ချုပ်လမ်း အောင်မြေမာန်ရပ်ကွက် ဧကရီဖိနပ်ဆိုင် ဆောက်လုပ်နေစဉ် ပြိုကျခဲ့ရာ ပိုင်ရှင် ဦးဌေးအောင်နှင့် တူဖြစ်သူ ကိုစည်သူ တို့နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
“မနက်ပိုင်း တကည်းက ကွန်ကရစ်လောင်းနေတာ။ ပင်မအဆောက်အဦရဲ့ အရှေ့ဖက် တွဲလျှက် ဆန်းရှိတ်လေးကို ကွန်ကရစ်ကျောက်သေး လောင်းနေတာ ပြီးခါနီးတဲ့ အချိန်မှာပဲ ထမင်းစားပြန်မယ်ဆိုပြီး အပြန်မှာ သူတို့က အဲဒီအောက်ဖက်က ဖြတ်ပြန်တော့ သူတို့ အပေါ်ကို ပိသွားတယ်။ နှစ်ယောက်သေဆုံး ပြီး ပန်းရံလုပ်တဲ့ အလုပ်သမ သုံးယောက်လောက် ဒဏ်ရာရတယ် ပြောပါတယ်။ အဲဒီနေရာကို ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ မီးသတ်၊ လူမှု အဖွဲ့အစည်းတွေ အကုန်လုံး လာရောက် ကူညီ လုပ်ကိုင်ပြီး ရှင်းလင်းပေးကြပါတယ်။ ကွန်ကရစ်က လောင်းကာစဆိုတော့ သိပ်တော့ မခြောက်သေးဘူး။ အပျက်အစီးတွေ ရှင်းလင်းပေးနေကြပါတယ်” ဟု အဆိုပါ ဖြစ်စဉ်ကို သွားရောက် ကြည့်ရှုခဲ့သူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။




အဆိုပါ အဆောက်အဦကို မည်သည့် အင်ဂျင်နီယာ အဖွဲ့မှ တာဝန်ခံ ဆောက်လုပ်သည်ကို ဆက်လက် စုံစမ်းနေပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ လူမှုအဖွဲ့အစည်းများမှ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါသည်။
.
“လောလောဆယ်မှာတော့ နှစ်ဦးသေတယ်၊ ဆေးရုံမှာတော့ နှစ်ယောက် ရှိသေးတယ်။ ဆန်းရှိတ်ကို ကွန်ကရစ်လောင်းတာ၊ အဲဒီလိုလောင်းတော့ သံချည်သံကွေးခံတယ်၊ အဲဒီအောက်က သွပ်ပြား၊ အဲဒီအောက်က သံဒေါက်တွေ ထောက်တာပေါ့။ အဲဒီဒေါက်တွေက သံဂဟေတွေ ပြုတ်ပြီး ပြိုကျတာ ဖြစ်တယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အရည်အသွေး စံချိန်စံညွှန်းတွေ မပြည့်ဝလို့ ဖြစ်တယ်လို့ ယူဆပါတယ် ” ဟု အထက်ချင်းတွင်းလူငယ် ကွန်ယက်မှ ကိုကျော်သက်ဝင်းမှ ပြောကြားခဲ့သည်။ 
EMG ::--
RangonNewsDaily





No comments:

Post a Comment