Pages

Pages - Menu

Tuesday, February 23, 2016

မြစ်ကြီးနားမြို့တွင် နာရီပိုင်းအတွင်း ဧရာဝတီမြစ်ရေ ငါးပေကျော် မြင့်တက်ခဲ့ပြီး မြစ်အတွင်း သောင်ပြင်များပေါ်တွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများ နစ်မြုပ် ပျက်စီး


RangonNewsDaily:: February . 23 .2016
မြစ်ကြီးနားမြို့တွင် နာရီပိုင်းအတွင်း ဧရာဝတီမြစ်ရေ ငါးပေကျော် မြင့်တက်လာပြီး မြစ်အတွင်း သောင်ပြင်များတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီ မြစ်ရေသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီ ၀န်းကျင်မှ စတင်ကာ တက်ရိပ်ပြလာပြီး မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
.
မနောကွင်း အနီးရှိ ကချင်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်မှူး ဦးတင်ထိုက်က “ဒီရာသီက နှစ်တိုင်း အပူချိန် ပြောင်းလဲမှုကြောင့် မြစ်ရေတက်ပါတယ်။ အပူချိန် ပြောင်းလဲတာကြောင့် ရေခဲတောင် အရည်ပျော်တာ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မိုးရွာတာတွေကြောင့် ဖြစ်တာပါ။ ဘယ်ဆည်မှ ဖောက်ချတာတို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။ ဒီနေ့ကတော့ ငါးပေလောက် တက်လာတာပါ။ ခဏနေ ပြန်ကျမှာပါ။ ဖေဖော်ဝါရီ နောက်ဆုံးပတ်ထဲမှာ အဖြစ်များပါတယ်။ နောက်တစ်ရက် နှစ်ရက် အတွင်းကတော့ ကချင်ပြည်နယ်မှာ မိုးတစ်ပေါက် နှစ်ပေါက် ရွာနိုင်ပါတယ်” ဟု ပြောကြားသည်။



မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်း နံဘေးတွင် နေထိုင်သူ တစ်ဦးက “နံနက် ၉ နာရီက ရေတက်ရိပ်ပြတာ။ ၁၂ နာရီ နောက်ပိုင်းကျတော့ ဧရာဝတီ မြစ်ကမ်းပေါ်က ကျွန်တော့်အိမ် အောက်ပိုင်း၊ မနောကွင်း အနောက်ဘက်က လုံကာပါ စားသောက်ဆိုင် နစ်နေပြီ။ အခုတော့ ဆိုင်ခန်းတွေ မျောနေပြီ။ ပရိဘောဂ ပစ္စည်းတွေ ဆယ်နေကြတယ်။ မြစ်ဆုံက စားသောက်ဆိုင်တွေ ပြေးတက်ရတယ်လို့ သိရတယ်။ ရေဦးဆိုတော့ အတက်မြန်တယ်။ နှစ်တိုင်းလည်း ရေထတယ်။ ဒီနေ့လောက် မမြန်ဘူး” ဟု ပြောကြားသည်။
.
ရုတ်တရက် ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်းရှိ မြစ်ကမ်း အနီးတွင် ပွင့်လင်းရာသီအတွင်း နေထိုင်စားသောက်သူများ၊ ၀မ်းစာ ရှာဖွေနေသူများလည်း အခက်အခဲ တွေ့နိုင်ကြောင်း သိရသည်။ 
EMG ::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment