Pages

Pages - Menu

Tuesday, August 4, 2015

ကော့ကရိတ်-မြ၀တီအာရှလမ်းတွင် ရေဘေးအလှူငွေကောက်


RangonNewsDaily:: August . 4 .2015
နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဝတီမြို့ လူမူကယ်ဆယ်ရေးအဖွဲ့ပူးပေါင်းပြီး နိုင်ငံတ၀ှမ်းရေဘေးဒုက္ခ ရောက်နေသူတွေအတွက် မြဝတီ- ကော့ကရိတ် အာရှလမ်းသစ်ပေါ်မှာ အလှူငွေတွေ ဒီကနေ့ ကစပြီး စတင်ကောက်ခံနေပါတယ်။

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း ရေကြီးမှုကြောင့် အဆက် အသွယ်ပြတ်တောက်နေ


RangonNewsDaily:: August . 4 .2015
ရခိုင်ပြည်နယ် တွင် တိုက်ခတ်ခဲ့သည့် ကိုမန် ဆိုင် ကလုန်းနှင့် ရေကြီးရေလျှံခြင်းများ ကြောင့် ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းတစ်လျှောက်တွင် ရွှံ့နွံ များ၊ သစ်ပင်များ လမ်းပေါ်လဲပြိုခြင်း နှင့် တံတားများကျိုးနေခြင်းကြောင့် လမ်းများ အဆက်အသွယ်ပြတ် တောက်နေကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် Farmer Money Changer . လုယက်ခံရ


RangonNewsDaily:: August . 4 .2015
လမ်းမတော်မြို့နယ် ပြည်လမ်းဘေး တော်ဝင်စင်တာအနီးမှာ ရှိတဲ့ Farmer Money Changer မှာ သြဂုတ်လ ၃ ရက် ည ၈ နာရီက Alphard ယာဉ်ပေါ်မှ အမျိုးသားလေးဦးက ဆိုင်အတွင်း ဝင်ရောက်ကာ ဝန်ထမ်းအမျိုးသားကို ရိုက်နှက်ပြီး ငွေကျပ်သိန်း ၃၅၀ ပါတဲ့ အထုပ်ကို လုယူထွက်ပြေးသွားတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

ရခိုင်ပြည်နယ်ကျောက်တော်မြိုနှင့်ပတ်ဝန်းကျင်ရှိ ရေနှစ်မြုပ်နေမှုမြင့်ကွင်း


RangonNewsDaily:: August . 4 .2015
ရခိုင်ပြည်နယ်ကျောက်တော်မြိုနှင့်ပတ်ဝန်းကျင်ရှိ ရေနှစ်မြုပ်လျှက်ရှိနေသေးသည့် ကျေးရွာများအား ယနေ့ညနေပိုင်းက ရဟတ်ယာဉ်ပေါ်မှတွေ့ရစဉ်

ချောက်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နိုင်၍ ရပ်ကွက်အချို့ပြောင်းရွှေ့


RangonNewsDaily:: August . 4 .2015
မကွေးတိုင်း ၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနိုင်၍ ရေ၀င်ရပ်ကွက်များဖြစ်သည့် အချို့ ရပ်ကွက်များမှ အိမ်ထောင်စုများ ကိုဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်ကြသည်ဟု သိရသည်။

မြစ်ရေကြီးခြင်းသတိပေးချက်

RangonNewsDaily:: August . 4 .2015
MPT နဲ့ Telenor SMS ၀င်ပါတယ်...။ Ooredoo ကလဲ ၀င်မယ်ထင်ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်း၍ တာချီလိတ် - တာလေ သွားလမ်း ဧဒင်ကျေးရွာအနီး၌ ပျက်စီးမှုဖြစ်ပွား


RangonNewsDaily:: August . 4 .2015
တာချီလိတ်မြို့တွင် သြဂုတ် ၃ ရက်နေ့ည နှင့် သြဂုတ် ၄ ရက်၊ နံနက်ပိုင်းက မိုးအဆက် မပြတ် ရွာသွန်း သဖြင့် တောင်ကျရေများပြားမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံမှုမှတဆင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း ရပ်ကွက်များနှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်များတွင် ချောင်းရေ၀င်ရောက်ခဲ့ပြီး၊ ညနေ ၃ နာရီ ၀န်းကျင်တွင် ရေပြန်ကျသွားသည်။