Pages

Pages - Menu

Tuesday, August 4, 2015

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း ရေကြီးမှုကြောင့် အဆက် အသွယ်ပြတ်တောက်နေ


RangonNewsDaily:: August . 4 .2015
ရခိုင်ပြည်နယ် တွင် တိုက်ခတ်ခဲ့သည့် ကိုမန် ဆိုင် ကလုန်းနှင့် ရေကြီးရေလျှံခြင်းများ ကြောင့် ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းတစ်လျှောက်တွင် ရွှံ့နွံ များ၊ သစ်ပင်များ လမ်းပေါ်လဲပြိုခြင်း နှင့် တံတားများကျိုးနေခြင်းကြောင့် လမ်းများ အဆက်အသွယ်ပြတ် တောက်နေကြောင်း သိရသည်။

''စစ်တွေကနေ ရန်ကုန်ကို ကား နဲ့ထွက်လာတာတစ်ပတ်ရှိပါပြီ။ အခု မြေပုံမြို့နယ်ထဲက ကြာအင်းတောင် ရွာမှာ သောင်တင်နေတယ်။ ရှေ့ကို လဲ တိုးလို့မရဘူး။ တံတားကြီးတွေ ပျက်နေတယ်။ နောက်ကိုလဲပြန်ဆုတ် လို့မရဘူး။ သစ်ပင်ကြီးတွေလမ်းမှာ ကန့်လန့်ဖြတ်ပိတ်ဆို့နေတယ်။ မော် တော်ဘုတ်တွေ၊ စက်လှေတွေလဲ မထွက်ကြသေးဘူး''ဟု စစ်တွေမြို့မှ ကိုမောင်ချေကပြောသည်။

ရေကြီးရေလျှံဖြစ်နေခြင်းကြောင့် ဇူလိုင် ၃ဝရက်မှစ၍ အဝေးပြေးကား များရပ်နားထားရပြီး သြဂုတ် ၂ရက် တွင် ရေပြန်ကျလာသော်လည်း ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းပိုင်း တွင် အချို့နေရာများ၌ ရွှံ့နွံများ၊ အမှိုက်များ၊ သစ်ပင်များနှင့် တံတား များ ကျိုးပျက်နေခြင်းကြောင့် သွား လာ၍မရသေးကြောင်း သိရသည်။

''ကျွန်တော်တို့ကားတွေကို ဇူ လိုင် ၃ဝရက်ကစပြီး ရပ်နားထား တယ်။ လမ်းတံတားတွေရဲ့အခြေအ နေက ဘယ်လိုမှသွားလာလို့မရတော့ လို့ပါ။ ဘယ်နေ့ ကားပြန်ထွက်ပေးနိုင် မယ်ဆိုတာ သေချာမပြောနိုင်သေးပါ ဘူး။ မြေပုံမြို့နယ်ထဲက တံတားကြီး တွေ ပြန်ကောင်းမှ ပုံမှန်သွားလာလို့ ရမယ်''ဟု ကစ္ဆပခရီးသည်တင်အထူး ကားယာဉ်လိုင်းမှ ဦးစံထွေးအောင် က ပြောသည်။

ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းသည် ရခိုင်ပြည်နယ်မြောက် ပိုင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် များမှ အဓိကအသုံးပြုနေသည့်လမ်း မကြီးဖြစ်ပြီး လက်ရှိတွင် ရေလမ်းမှ လည်း သွားလာ၍ မရသေးခြင်း ကြောင့် စားသုံးကုန်ပစ္စည်းများ ဈေး နှုန်း နှစ်ဆခန့် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့ နယ်အချို့တွင် ရေကြီး၊ ရေလျှံခြင်း များကြောင့် လူဦးရေ ၂ဝ ခန့် သေဆုံး ကာ ၂ဝ ခန့်မှာ ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာရဲစခန်းများ၏စာရင်း အရ သိရသည်။
PHA(M.M.K) ၊ Photo : မြစ်မခ
Democracytoday , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment