Pages
(Move to ...)
▼
Pages - Menu
(Move to ...)
Home
▼
Friday, February 6, 2015
မြန်မာလုပ်သားများကို ဘတ်ငွေသန်းချီလိမ်သော ထိုင်းသားအဖ ယနေ့ရုံးတင်မည်
RangonNewsDaily:: February . 6 .2015
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများထံမှ ဘတ်ငွေသန်း ချီလိမ်လည်ခဲ့သည့် ကုမ္ပဏီပိုင်ရှင်ထိုင်းလူမျိုး သားအဖကို ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)တွင် ပထမ အကြိမ်ရုံးတင်စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရန်ကုန်ရှိ တက္ကသိုလ်ခြောက်ခုတွင် လုံခြုံရေးတိုးမြှင့်
RangonNewsDaily:: February . 6 .2015
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သပိတ်မှောက် နေသည့် သပိတ်လမ်းကြောင်း များရန်ကုန်မြို့သို့ ရောက်ရှိခါနီးအချိန်တွင် ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ခြောက်ခု၌ကျောင်းလုံခြုံရေး တိုးမြှင့်ချထားရန် စီစဉ်နေသည်။
ပညာရေး ဥပဒေကို ဆန္ဒပြမှု နောက်ကွယ်က ကြိုးကိုင်သူရှိ စာမေးပွဲများအားလုံးကို ကြေငြာထားသည့်အတိုင်း မပျက်မကွက်စစ်မည်
RangonNewsDaily:: February . 6 .2015
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားများ၏ နောက်ကွယ်တွင် ကျောင်းသားအမည်ခံသူများနှင့် နိုင်ငံရေးအဖွဲ့အစည်း အချို့မှ ကြိုးကိုင်နေမှုများ ရှိနေပြီး တက္ကသိုလ်စာမေးပွဲ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အပါအဝင် စာမေးပွဲ အားလုံးကို ကြေငြာထားပြီးအတိုင်း မပျက်မကွက် စစ်ဆေးသွားမည်ဟု ပညာရေး ဝန်ကြီးဌာနက ဆန္ဒပြကျောင်းသားများကို ဖေဖော်ဝါရီ ၅ရက်က အသိေ
ပး ထုတ်ပြန်လိုက်သည်။
ဒုက္ခသည်တွေကို ကူညီဖို့ ၈၈ အဖွဲ့ မြစ်ကြီးနားမှ ထွက်ခွါ
RangonNewsDaily:: February . 6 .2015
ကချင်ပြည်နယ် ဖားကန့်မြို့ ကံဆီးကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀၀ လောက်အတွက် ဆန်အိတ် တစ်ထောင်နဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွာသွားကြပါတယ်။
" ၂ နှစ်အတွင်း ပိဋကတ်သုံးပုံ အာဂုံဆောင် ရဟန်းတော် ခုနစ်ပါး ပေါ်ထွက် "
RangonNewsDaily:: February . 6 .2015
တိပိဋကဓရ တိပိဋကကော ဝိဒစာမေးပွဲတွင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သည် ဆရာတော်နှစ်ပါး ထပ်မံထွက်ပေါ်လာသည့်
အတွက် ၂ဝ၁၂ ခုနှစ်တွင် တိပိဋက ကောဝိဒ ဘွဲ့ရရှိခဲ့သည့် ဆယ့်သုံး
ပါးမြောက်အရှင်ဣန္ဒာစရိယအပြီး ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင် သည့်ဆရာတော်ခုနစ်ပါး အထိရှိပြီ ဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနမှသိရသည်။
အိုက်အက်စ်အဖွဲ့ချေမှုန်းရေး ဂျပန်အောက်လွှတ်တော် အတည်ပြု
RangonNewsDaily:: February . 6 .2015
ဂျပန်သတင်းထောက် ၂ ယောက်နဲ့ ဂျော်ဒန်လေယာဉ်မှူးတို့ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ သတ်ဖြတ်ခံခဲ့ရပြီးနောက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ ချေမှုန်းရေး ဆုံးဖြတ်ချက်ကို ဂျပန်အောက်လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
ဘတ်စ်ကားစီးတဲ့ သံအမတ်
RangonNewsDaily:: February . 6 .2015
မနှစ် မိုးရာသီတုန်းက ရန်ကုန်တဖက်ကမ်း ဒလကို သွားပြီး ဆိုက်ကားစီးခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ် အခုတခေါက် ရန်ကုန်က ဘတ်စ်ကားကို စီးပြန်တယ်။ "ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ၀န်ထမ်း အများစုက ရုံးနဲ့ ဝေးတဲ့နေရာကနေ လာကြရတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့ ရုံးကို နေ့တိုင်း ဘယ်လို လာသလဲလို့ သိချင်မိတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ငြိမ်းချမ်းရေးမြတ်နိုးသူများဦးဆောင်၍ ပြည်ထောင်စုငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုပြုလုပ်မည်
RangonNewsDaily:: February . 6 .2015
ပင်လုံညီလာခံကျင်းပခဲ့သော ဖေဖော်ဝါရီလအား ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်သက်သေထား၍ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းနှင့် ကျိုက္ကဆံ ဟစ်တိုင်ကွင်းတို့၌ ငြိမ်းချမ်း ရေး မြတ်နိုးသူများဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဘတ်စ်ကားမီးရှို့တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံရ
RangonNewsDaily:: February . 6 .2015
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ခါလီဒါ ဇီယာ (Khaleda Zia) ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က နိုင်ငံအရှေ့ပိုင်းမှာ ဘတ်စ်ကား မီးရှို့တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စွဲချက်တင်ခံရပါတယ်။
‹
›
Home
View web version