Pages

Pages - Menu

Tuesday, November 3, 2015

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ တစ်ဦးသေဆုံး ခြောက်ဦးဒဏ်ရာရ


RangonNewsDaily:: November . 3 .2015
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၃၀၂ အနီးတွင် ယနေ့ (နိုဝင်ဘာလ ၂ ရက်) နံနက် ၆ နာရီခွဲခန့်က အိမ်စီးမော်တော်ယာဉ်နှစ်စီး တိုက်မိသောကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးပြီး ခရီးသည်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်း ကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးတင်ထွန်းဝင်းက ဆိုသည်။
“ရှေ့ကသွားနေတဲ့ ခွေးဘီလူး လိုက်ထရပ်ယာဉ်ကို မူလတန်း ကျောင်းအုပ်ဆရာကြီးတစ်ဦး မောင်းနှင်လာတဲ့ကားက ဝင်တိုက်ခဲ့တာပါ။ နှစ်စီးစလုံးက မန္တလေးဘက်ကို သွားနေတာ။ ကျောင်းအုပ်ဆရာကြီးကတောာ့ တံတားဦးမှာ နေတာပါ။ ရှေ့ကားကို တိုက်မိတဲ့အရှိန်နဲ့ ကားခေါင်းခန်းထဲမှာ ညှပ်မိပြီး ကျောင်းအုပ်ဆရာကြီးကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု ၎င်းက ပြောသည်။


သေဆုံးသူမှာ အမှတ် ၂၃ အခြေခံပညာ မူလတန်းကျောင်း ချမ်းမြသာစည်မြို့နယ် မန္တလေးတွင် တာဝန်ကျနေသော ကျောင်းအုပ်ဆရာတစ်ဦး ဖြစ်ပြီး နေထိုင်ရာ တံတားဦးမြို့မှ မောင်းနှင်ထွက်ခွာလာစဉ် ရှေ့မှသွားနေသော ယာဉ်ကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း၊ အဆိုပါယာဉ်မောင်းမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ရှေ့ကားပေါ်တွင် ပါလာသူများအနက် အမျိုးသားတစ်ဦး အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် မိတ္ထီလာမြို့နယ် ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သေဆုံးသူ ယာဉ်မောင်း ဦးတင်ချိုကို သီးကုန်းအမြန်လမ်း ရဲစခန်းမှ ယာဉ် (ပ) ၂၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်ခဲ့ကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းများအရ သိရသည်။
(ဓာတ်ပုံ- TTW)
The Voice , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment