Pages

Pages - Menu

Tuesday, November 3, 2015

ဂျာမနီတွင် အသက်(၆၀) နှစ်နှင့် အထက် လုပ်သား သုံးသန်းကျော်ရှိနေ


RangonNewsDaily:: November . 3 .2015
ဂျာမနီနိုင်ငံတွင် အသက်(၆၀) နှစ် နှင့်အထက် အလုပ်သမား သုံးသန်းကျော် ရှိနေကြောင်း သိရသည်။

ဂျာမနီတွင် ပျမ်းမျှ အသက်အရွယ်မှာ (၄၆)နှစ်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် အသက်ကြီးသူ အများဆုံး ရှိနေသော နိုင်ငံအဖြစ် သတ်မှတ်ခံထား ရသည်။ ဂျာမနီနိုင်ငံ စုစုပေါင်း လူဦးရေ၏ ထက်ဝက်မှာ (၄၆)နှစ်ကျော်များ ဖြစ်ကြကြောင်း အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံသား သက်ကြီးရွယ်အိုများ အလုပ်လုပ်ကိုင် နေကြခြင်းမှာ အလုပ်ရှင်များထံမှ ထောက်ခံမှု ရရှိခြင်းကြောင့် လည်းဖြစ်သည်။ ဥပမာ ပေးရလျှင် အင်ဂျင်နီယာနှင့် အီလက်ထရောနစ် ကုမ္ပဏီ Bosch သည် သက်ကြီးရွယ်အို ကျွမ်းကျင်လုပ်သား ငှားရမ်းရေး မူဝါဒကို ချမှတ်ပြီး သက်ကြီးရွယ်အို ၀န်ထမ်းများကို ဆက်လက် အလုပ်ပေး ထားဆဲဖြစ်သည်။ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင် နေသော သက်ကြီးရွယ်အိုများမှာ အသက်(၆၂)နှစ်နှင့် အထက် လူကြီးများ ဖြစ်ကြသည်။

သက်ကြီးရွယ်အို များသည် တစ်ပတ်လျှင် တစ်ရက်သာ လုပ်ကိုင်ခွင့် ရှိနေသည်။ သက်ကြီးရွယ်အို ၀န်ထမ်းများတွင် ကုမ္ပဏီက လိုအပ်သော အတွေ့အကြုံများ ရှိနေကြောင်း ကုမ္ပဏီ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ ရောဘတ် ဟန်ဆန်က ပြောဆိုခဲ့သည်။ ““အငြိမ်းစားယူတဲ့ မန်နေဂျာတွေ အများကြီးပဲ။ သူတို့ရဲ့ ပညာတွေကို ကုမ္ပဏီက လိုအပ်တယ်လေ။ လူငယ် ၀န်ထမ်းတွေက သူတို့လို ပညာတွေ၊ အတွေ့ကြုံတွေ ရှိတာ မဟုတ်ဘူး။ လူကြီးတွေကို ပြန်မခန့် ထားတာက ကုမ္ပဏီ အတွက်ရော၊ လူ့အဖွဲ့အစည်း အတွက်ပါက ဆုံးရှုံးမှုပဲ””ဟု ၎င်းကပြောသည်။

အလုပ်ရှင်များ၏ ထောက်ခံမှု ရရှိလျှင်တောင် ဂျာမနီနိုင်ငံသား သက်ကြီးရွယ်အိုများမှာ သေသည်အထိ အလုပ်လုပ်လိုစိတ် ရှိနေကြသည်။ မစ္စအာမန်ဆိုသူ အမျိုးသမီးကြီးသည် အသက်(၆၅) နှစ် အရွယ်တွင် ချောကလက်မုန့်များ ရောင်းချသည့် ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
““မလှုပ်မရှားဘဲ နေလို့မဖြစ်ဘူး၊ လူတွေနဲ့ ပြောဆိုဆက်ဆံ ချင်တယ်။ ပြောဆိုဆက်ဆံတာ တွေကြောင့် ပျော်ရွှင်ရတယ်။ ကျွန်မက အခု(၆၅)နှစ်ကျော်ပဲရှိ သေးတာပဲလေ””ဟု ၎င်းက ပြောဆိုခဲ့သည်။
Source:Reuters ,Messenger News , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment