Pages

Pages - Menu

Sunday, October 4, 2015

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံရန်ကုန်မြို့သို့ရောက်ရှိ


RangonNewsDaily:: October . 3 .2015
ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံသည် ထားဝယ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ယနေ့ညနေပိုင်းကရာက်ရှိလာကြောင်းသိရသည်။
သီရိဒုံသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိလာခြင်းဖြစ်ပြီး၊ ရန်ကုန်မှ တစ်ဆင့် နေပြည်တော်သို့ဆက်လက်သွားရောက်ဦးမည်ဖြစ်ကာ အမျိုးသားပြတိုက်ကိုလည်း လေ့လာရေးသွားရောက်ဦးမည်ဟု သိရသည်။








သီရိဒုံသည် ဦးနေ၀င်းအစိုးရလက်ထက် ဖြစ်သည့် ၁၉၈၆ ခုနှစ်ကတည်းကပင်လျှင် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုအလည်အပတ်ခရီးသည် ပဉ္စမအကြိမ်မြောက်ဖြစ်သည်။

ထိုင်းမင်းသမီး မဟာချက်ကရီသီရိဒုံသည် ရွှေတိဂုံစေတီတော်အားယခုည လာရောက်ကြည်ညို ပူဇော်ခဲ့ပြီး စေတီတောင်အောင်မြေမှနေ၍ ဆီမီးပူဇော်ခြင်း၊ ကင်မရာ၊ ဖုန်းတို့ဖြင့်
ရွှေတိဂုံစေတီတော်မြတ်ကြီးအား မှတ်တမ်းဓါတ် ပုံများရိုက်ကူး ပူဇော်ခဲ့ကြောင်းသိရသည်။
Photos by Ko Myo/Aung Naing Soe ( Kisapa )::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment