Pages

Pages - Menu

Sunday, September 27, 2015

ဆိုင်ကယ်လဲ၍ ဒဏ်ရာရသူကို ကူညီနေသော ရဲတပ်သား ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

RangonNewsDaily:: September . 27 .2015
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တ လေးလမ်းဟောင်းတွင် အမျိုးသား တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သဖြင့် သွားရောက်ကူညီသည့်ရဲ တပ်သားကို အခြားဆိုင်ကယ်တစ် စီးက ဝင်ရောက်တိုက်မိ၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိနေသဖြင့် အမှတ် (၂)နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သွားရောက်ကူညီ နေစဉ် အခြားဆိုင်ကယ်စီးသူတစ် ဦးက ဝင်ရောက်တိုက်မိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရမှု ကြောင့် ရဲတပ်သားတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာများရရှိ၍ မိတ္ထီလာဆေးရုံရှိ ပြင်ပလူနာဌာန၌ ဆေးကုသမှုခံယူနေစဉ် သေဆုံး သွားခဲ့ပြီး ဆိုင်ကယ်ဖြင့် ဝင်တိုက် ခဲ့သည့်အမျိုးသားမှာလည်း ဒဏ် ရာများရရှိ၍ ဆေးရုံအချုပ်ခန်း တွင် ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း အမှတ်(၂) နယ်မြေရဲ တပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာ ရှိတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေးကားလမ်း တွင် အရှိန်လွန်မောင်းနှင်၍ ယာဉ်တိမ်းမှောက်ခဲ့သည့် အမျိုးသားကို အမှတ်(၂)နယ်မြေရဲတပ်ဖွဲ့စခန်း ၌ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် ထားပြီး ဆိုင်ကယ်ဖြင့် ဝင်ရောက် တိုက်ခဲ့သည့် အမျိုးသားကို ပြစ်မှု ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထား ကြောင်း အဆိုပါရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment