Pages

Pages - Menu

Sunday, September 13, 2015

သမီးခိုးရာလိုက်ပြေးရာတွင် အောင်သွယ်သည်ဟုဆိုကာ တူမကို ဖခင်ကဓားဖြင့်ခုတ်

RangonNewsDaily:: September . 13 .2015
ပေါက်ခေါင်းမြို့နယ် ပိတောက်ကုန်းရပ်ကွက်အုပ်စု ရသေ့ကျေးရွာတွင် သမီးဖြစ်သူ ခိုးရာလိုက်ပြေးသဖြင့် ဖခင်က အ သက် (၃၆)နှစ်အရွယ် တူမဖြစ် သူကို အောင်သွယ်ထင်မှတ်၍ဓားဖြင့်ခုတ်သတ်လိုက်ကြောင်း သ တင်းရရှိသည်။

သမီးခိုးရာလိုက်ရာတွင် တူမတော်စပ်သူ အမျိုးသမီးက အောင်သွယ်ပေးသည်ဟု အထင် မှား၍ ရေခပ်ဆင်းချိန်၌ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည် ခရိုင်မှ ရဲအရာရှိက ပြောသည်။

‘‘တရားခံနဲ့ သေဆုံးသူအမျိုး သမီးဟာ တူအရီးတစ်ဝမ်းကွဲ တော်တဲ့ ဆွေမျိုးတွေပဲ၊ တရားခံ ရဲ့ သမီးဖြစ်သူ ခိုးရာလိုက်သွား တာကို သေဆုံးသူအမျိုးသမီးက အောင်သွယ်ထည့်ပေးလိုက် တယ်ထင်ပြီး ဓားနဲ့ခုတ်သတ်ခဲ့ တာဖြစ်တယ်’’ဟု ပြည်ခရိုင်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။

သေဆုံးသူအမျိုးသမီးသည် စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် တစ်ရွာတည်းနေ အမျိုးသမီးနှစ်ဦးနှင့် ရွာအရှေ့ဘက် ထိပ်သို့ ရေခပ်ဆင်းစဉ် ရေခပ် လမ်းအရောက်၌ ဦးလေးဝမ်းကွဲ က အရိုး၊ အသွားနှစ်ပေလေးလက် မခန့်ရှိ ဓားဦးပြတ်နှင့်ခုတ်ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူကို ည ၇ နာရီခွဲတွင် ဖမ်းဆီးမိခဲ့ပြီး လွန်ခဲ့ သည့် ငါးရက်က သမီးဖြစ်သူခိုးရာ လိုက်သွားခဲ့ရာ သေဆုံးသူအမျိုး သမီးက ထည့်ပေးလိုက်သည်ထင် ၍ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ပေါက်ခေါင်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment