Pages

Pages - Menu

Wednesday, September 9, 2015

ဆိပ်ဖြူမြို့နယ်အတွင်းမှ စွန့်ပစ်ခံကလေးငယ်၏ မိခင်ဖြစ်သူဟု ယူဆရသူအား တွေ့ရှိထား


RangonNewsDaily:: September . 9 .2015
မကွေး တိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုး တောင်ကျေးရွာအုပ်စု၊ တောင်ငယ် လုံးကျေးရွာနှင့် သံဇလုံကျေးရွာနှစ် ရွာအကြား သဲချောင်းအနီးမှတွေ့ရှိ ခဲ့သော ကလေးငယ်၏မိခင်ဖြစ်သူဟု ယူဆရသော အမျိုးသမီးတစ်ဦးအား တွေ့ရှိထားပြီဖြစ်ကြောင်းနှင့် ကလေး ငယ်တွင် အသားဝါဖြစ်ပေါ်လာသ ဖြင့် မကွေးဆေးရုံကြီးသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း သိရသည်။

''ကလေးအမေလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးကိုတော့ တွေ့ရှိထား ပြီးစောင့်ကြည့်နေပါတယ်။ အဲ့ဒီအမျိုး သမီးကလဲ ကျန်းမာရေးမကောင်းဘဲ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့အ တွက် စစ်ဆေးမေးမြန်းလို့မရသေး တဲ့အတွက် ကလေးအမေလို့ အတည် ပြုလို့မရသေးပါဘူး။ ကလေးအမေ တွေ့ပြီဆိုတာမျိုးတွေ လူမှုကွန်ရက် မှာ ပျံ့နေတာတော့ရှိပါတယ်။ ဒါပေ မဲ့ အတည်ပြုလို့မရသေးပါဘူး။ တ ကယ်လို့မှန်ခဲ့ရင်တော့ အမှုဖွင့်ထား ပြီးဖြစ်တဲ့အတွက် အပြစ်ပေးအရေး ယူခံရမှာပါ။ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ပါတယ်''ဟု ဆိပ်ဖြူမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူကပြော ကြားသည်။

ကလေးငယ်ကို ဖိုးသက်ပြင်း(ခ) မောင်ကံကောင်းဟု အမည်ပေးထား ပြီး ပရဟိတအဖွဲ့တစ်ခုမှ ဦးဆောင် ၍ ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေး ရုံကြီးတွင် ကုသနိုင်ရန်ဆောင်ရွက် ခဲ့သော်လည်း အသားဝါရောဂါဖြစ် ပေါ်လာသဖြင့် မကွေးမြို့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း အဆိုပါ ကလေးကျန်းမာရေးကို လိုက်လံကူ ညီဆောင်ရွက်ပေးနေသူတစ်ဦး ကပြောသည်။

''ကလေးကို စတင်တွေ့ရှိခဲ့တဲ့ ကိုဝင်းကျော်စန်းကပဲ အခုကလေးကို စောင့်ရှောက်ထားပါတယ်။ သူကပဲ ဆေးရုံစောင့်တယ်။ ကျွန်တော်တို့က အလှူခံပေးတယ်။ ရတဲ့အလှူငွေတွေ သူ့ကိုပေးအပ်ပေမယ့် လက်မခံလို့ ကော်မတီတစ်ခုဖွဲ့ပြီး အလှူငွေတွေ ထိန်းသိမ်းပေးထားပါတယ်''ဟု ဆိပ် ဖြူမြို့ဓမ္မအလင်းထေရဝါဒစာကြည့် တိုက်နှင့် တရားအလှူတော်လုပ် ငန်းမှ ကိုလှိုင်မြင့်ကပြောသည်။

ဖိုးသက်ပြင်း(ခ)မောင်ကံကောင်း ဟု အမည်ပေးထားသောကလေးငယ် ကို စက်တင်ဘာလ ၅ရက် နံနက်၇နာ ရီခန့်က ကျေးပင်ချောင်းကျေးရွာမှ ဦးဖိုးဇော်နှင့်ဦးဝင်းကျော်စန်းအပါ အဝင် လူခုနစ်ဦးပါအဖွဲ့မှ တောင် ငယ်လုံးကျေးရွာနှင့် သံဇလုံကျေးရွာ နှစ်ရွာအကြား သဲချောင်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
DemocracyToday , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment