Pages

Pages - Menu

Thursday, August 6, 2015

မြန်မာနိုင်ငံတွင်နေထိုင်ခွင့် PR လျှောက်ထားသူများတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်

RangonNewsDaily:: August . 6 .2015
မြန်မာနိုင်ငံ၌ နှစ်ရှည်နေထိုင်ခွင့်ပေး ရန် လျှောက်ထားသူများတွင် အမေရိကန်၊ အင်္ဂလန်နိုင်ငံသားများအဖြစ် ခံယူထား သော မြန်မာအထူးကုဆရာဝန်ကြီးများ ပါဝင်လာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သိရ သည်။
ဒုတိယအသုတ် PR လျှောက်ထား သူများတွင် အထက်ပါနိုင်ငံသားများအဖြစ် ခံယူထားသော မြန်မာလူမျိုးအထူးကုဆရာ ဝန်ကြီးများ ပါဝင်နေခြင်းဖြစ်ပြီး ပါမောက္ခ အဆင့်အထိပါဝင်နေကြောင်း အထက်ပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်အေးအေး သိန်းက ပြော သည်။

၂ဝ၁၅ ခုနှစ် ဧပြီလမှ ယခုလအထိ ဒုတိယအသုတ် PR လျှောက်ထားသူစုစုပေါင်း ၅၃ ဦးရှိပြီး ဆရာဝန်အရေအတွက် အတိ အကျကိုမူ ၄င်းက ထုတ်ဖော်မပြောပေ။
လျှောက်ထားသူများတွင် အင်ဂျင်နီ ယာအချို့လည်းပါဝင်သည်ဟု ၄င်းထံမှ သိရသည်။ သို့သော်လည်း ပထမအသုတ်က ထက် ကျွမ်းကျင်ပညာရှင်လျှောက်ထားမှု အရေအတွက်နည်းသွားကြောင်း လာရောက် လျှောက်ထားမှုစာရင်းအရ သိရသည်။

”ကျွမ်းကျင်ပညာရှင်အနေနဲ့ ခု တစ် ခေါက် ၂ ဦး လာလျှောက်ပါတယ်။ ဟိုတယ် ပညာရှင်တွေပါ။ ဘယ်လ်ဂျီယံသားနဲ့ ထိုင် ဝမ်သားတွေ ပါ” ဟု အထက်ပါအရာရှိက ပြောသည်။ လက်ရှိတွင် ¤င်းတို့ကို စိစစ်ရေး ကော်မတီက လူတွေ့စစ်ဆေးနေကြောင်းသိရသည်။
၁၉၉ဝ ရွေးကောက်ခံအမတ်ဟောင်း ဦးဒေးဗစ်လှမြင့်က ပညာရှင်များနှင့် နိုင်ငံ သားဟောင်းတို့၏ ယခုကဲ့သို့ ပြန်လာရန် ဆန္ဒရှိမှု အပေါ် ကြိုဆိုကြောင်းပြောသည်။”ဒီမှာ ဆရာဝန်ကြီးတွေက လိုအပ် ချက်ရှိနေတယ်” ဟု ၄င်းကပြောသည်။

ပထမအသုတ် လျှောက်ထားလာ သည့် ၁၃၄ ဦးထဲမှ ၁၂၅ ဦးကို ဇူလိုင်လ အတွင်း အစိုးရမှ PR ထုတ်ပေးခဲ့ရာတွင် ဆရာဝန်နည်း၍ အင်ဂျင်နီယာအများစုသာ ပါခဲ့သည်ဟု စာရင်းများအရသိရသည်။
၂ဝ၁၄ နှစ်ကုန်ပိုင်းမှစကာ နိုင်ငံ တွင်း လိုအပ်ချက်အရလည်းကောင်း၊ ထူး ချွန်နိုင်ငံသားဟောင်းများနှင့် နိုင်ငံသား များနှင့်လက် ထပ်ထားသော နိုင်ငံခြားသား များ ပြည်တွင်းသို့ ပြန်လာနိုင်ရေးအတွက် အစိုးရက ၅ နှစ်သက်တမ်းရှိ ဗီဇာကို စတင်လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Popular News , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment