Pages

Pages - Menu

Monday, August 10, 2015

NCA လက်မှတ် ရေးထိုးရာတွင် ဒေါ်စု အသိသက်သေအဖြစ် ပါဝင်မည်


RangonNewsDaily:: August . 10 .2015
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ရေးထိုးရာတွင် ပြည်တွင်း အသိသက်သေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လက်မှတ်ရေးထိုးရန် သဘောတူညီ ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေးပါတီ(၁၀)ပါတီ ပါဝင် လက်မှတ်ရေးထိုးရန်လည်း သဘောတူညီ ထားကြောင်း သိရသည်။

“ကျွန်တော်တို့ သဘောမတူညီ နိုင်တာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အရေအတွက် ကိစ္စရှိသေးတယ်။ ဒါကိုလည်း ဒီနှစ်ပတ် အတွင်းမှာဘဲ သမ္မတကြီးနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကော်မတီ (SD)က ခေါင်းဆောင်တို့ တွေ့ဆုံ ညှိနှိုင်းသွားမှာပါ””ဟု SD အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန် မုန်းဆားခေါင်က ပြောသည်။

နိုင်ငံတကာ သက်သေများ အနေဖြင့်လည်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ နော်ဝေ၊ ဂျပန် အပါအ၀င် နိုင်ငံ(၇) နိုင်ငံနှင့် ကုလသမဂ္ဂ အစရှိသည့် အဖွဲ့အစည်းများပါ အသိသက်သေ လက်မှတ်ရေးထိုးရန် သဘောတူညီထားကြောင်း သိရသည်။
“၀န်ကြီး ဦးအောင်မင်းတို့ကလည်း ဒီကိစ္စကို မူဝါဒအားဖြင့် သဘောတူညီ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီမိုကရေစီ အင်အားစုအနေနဲ့ ဦးခွန်ထွန်းဦး ကတော့ တိုင်းရင်းသား ကိုယ်စားပြုအနေနဲ့ လက်မှတ်ရေးထိုးဖို့ သဘော တူညီထားတာပါ။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တင် မဟုတ်ပါဘူး။ ဒီမိုကရေစီ အင်အားစုတွေပါ ပူးပေါင်း လုပ်ဆောင်ရမှာပါ”ဟု မြန်မာ့ ငြိမ်းချမ်းရေးစင်တာ(MPC) မှ ဦးညိုအုန်းမြင့်က ပြောသည်။

လက်ရှိအချိန်တွင် NCA လက်မှတ် ရေးထိုးရာတွင် SD အဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့ လက်မှတ်ရေးထိုးရန် SD ခေါင်းဆောင်များက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) သို့ တင်ပြ ထားသော်လည်း UPWC မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁)ဖွဲ့ကိုသာ လက်မှတ်ရေးထိုးရန် မူဝါဒ ထားရှိထားသည်။

အစိုးရမှ လက်မှတ်ရေးထိုးရန် သတ်မှတ်ထားသည့် အဖွဲ့အစည်းများတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ(NCCT) အဖွဲ့ဝင်ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရက္ခိုင့် တပ်မတော်(AA)၊ တအောင်း လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ ပါဝင်ခြင်း မရှိကြောင်း သိရသည်။
Messenger News , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment