Pages

Pages - Menu

Wednesday, August 19, 2015

ပြည်ခိုင်ဖြိုးခေါင်းဆောင်အပြောင်းအလဲကြောင့် ဒီချုပ်အနိုင်ရရန် ပိုသေချာလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

RangonNewsDaily:: August . 19 .2015
လက်ရှိအာဏာရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲကိစ္စကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြည်သူထောက်ခံမှု ပိုတိုးလာကာ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရှိရန် ပိုမိုသေချာသွားသည့်အနေအထားဖြစ်ကြောင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘NLD က အစကတည်းက နိုင်မယ့် ပါတီပဲ။ နိုင်ဖို့ ပိုသေချာ သွားတာပေါ့’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ သြဂုတ် ၁၈ ရက် နံနက်က ပြုလုပ်သည့် ပြည် သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာများက မေးခွန်းများ လိုက်လံမေးမြန်း စဉ်တွင် အာဏာရပါတီ၏ ခေါင်းဆောင် အပြောင်းအလဲသည် NLD အပေါ် ရိုက်ခတ်မှုရှိလာနိုင်ပါသလားဟု မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ထို့ပြင် အထက်ပါပြည်သူ့ လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် လည်း အာဏာရပါတီတွင်း အ ပြောင်းအလဲကိစ္စရပ်၊ လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ ထည့်သွင်းပြောကြား ခဲ့သည်။

‘‘အန်တီနဲ့ နီးစပ်မှုရှိတဲ့လူ တွေက ပါတီတာဝန်တွေကနေ ရုပ်သိမ်းခံလိုက်ရတဲ့အတွက် အန် တီ့ရဲ့မဟာမိတ်တွေ လျော့နည်း သွားတဲ့ သဘောလို့ ထင်လား’’ ဟု ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် မေးမြန်း သည့် မီဒီယာများ၏မေးခွန်းကို ‘‘မဟုတ်ပါဘူး။ ဒီအချိန်မှာ ဘယ် သူက မိတ်ဆွေဖြစ်တယ်ဆိုတာ ပေါ်လာမှာဆိုတော့ မိတ်ဆွေ အချင်းချင်းကြားမှာ ပိုပြီးတော့ ခိုင်မြဲသွားဖို့ပဲ ရှိတာပါ’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသည်။ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ပါဝင်သည့် ၁ ရာခိုင်နှုန်းသည် အဓိပ္ပာယ်မရှိသည့် ပမာဏဖြစ် ၍ ၎င်းတို့ပါတီအနေဖြင့် လက်မ ခံနိုင်ကြောင်း ပြောကြားခဲ့သည်။

‘‘အဓိပ္ပာယ်မရှိဘူး။ ၁ ရာ ခိုင်နှုန်းကနေ ဒီဟာကို စလုပ် တယ်ဆိုတာ။ ဒီလို ၁ ရာခိုင်နှုန်း က လက်မှတ်ရေးထိုးမယ်ဆို လုပ်ရ မယ့်ကိစ္စက အများကြီး။ လွှတ် တော်အတွင်းမှာ ဒါမျိုးတွေဖြစ်နေ မယ်ဆိုရင် တခြားအလုပ်တောင် လုပ်ဖို့ အချိန်ရှိမှာ မဟုတ်တော့ ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment