Pages

Pages - Menu

Sunday, August 16, 2015

မန္တလေးတိုင်းစဥ့်ကူးတွင် တောင်ကျချောင်းရေကြောင့် တဲအိမ် ၃၀ ရေထဲမျောပါ

RangonNewsDaily:: August . 16 .2015
မန္တလေးတိုင်း စဥ့်ကူးမြို့ နယ်တွင် လွန်ခဲ့သည့်နှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နတ်တောင်ကျေးရွာအုပ်စု ဝါးဘိုး ချပ်ရပ်ကွက် ချောင်းကမ်းပါးအနီး ရှိ ထရံကာ၊ ဓနိမိုး၊ သက်ငယ်မိုးတဲ ၃၀ ခန့် ချောင်းရေဖြင့် မျောပါ သွားခဲ့ကြောင်း သတင်းရရှိသည်။
အထက်ပိုင်းတွင် မိုးရွာသွန်း မှုကြောင့် နတ်တောင်ကျေးရွာ အုပ်စု ဝါးဘိုးချပ်ရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် ချောင်း အတွင်းသို့ တောင်ကျရေများ စီးဆင်းလာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
တောင်ကျချောင်းရေဖြင့် မျောပါသွားသည့် ထရံကာ၊ ဓနိ မိုး၊ သက်ငယ်မိုးတဲ ၃၀ လုံးသည် ရွှေတူးဖော်သူများ အသုံးပြုခဲ့ပြီး လက်ရှိတွင် လူမနေထိုင်သည့် ယာယီတဲများဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း တိုင်းဒေသကြီးရုံးက ထုတ်ပြန်ထား သည်။ စဥ့်ကူးမြို့နယ်ရှိ နတ် တောင်ကျေးရွာအုပ်စု မာလဲကျေး ရွာအနီးရှိ မာလဲ-နတ်တောင် တမံ၏ ရေအမှတ်မှာ ၁,၀၂၂ ဒသမ ၆ စင်တီမီတာသို့ရောက်ရှိ နေပြီး ရေပိုလွှဲရေကျော်အမှတ် ၄၄၃ ပေသို့ ရောက်ရှိလာနိုင် သဖြင့် လက်ပံလှချောင်းအနီးရှိ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင် ရေးအတွက် မတ္တရာမြို့နယ်အုပ် ချုပ်ရေးမှူးရုံးက ဩဂုတ် ၁၄ ရက် တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် ကျေးရွာသားများကို သတိပေးထားသည်။
.
‘‘သပိတ်ကျင်း၊ စဥ့်ကူးဘက် က ချောင်းတွေအနီးမှာနေတဲ့ အိမ်တွေကတော့ ချောင်းရေတက် လာတာတော့ ခဏခဏကြုံရပါ တယ်။ ဒီနှစ်က အထက်ကလည်း မိုးများတော့ တစ်ခါမှမကြုံဖူးတဲ့ ရေတွေတက်လာတယ်။ ညပိုင်း အိပ်နေတဲ့အချိန်မှာဖြစ်တော့ ဘာပစ္စည်းမှ မယူနိုင်ခဲ့ဘူး။ လူ လွတ်အောင်ပြေးရတယ်’’ဟု သပိတ်ကျင်းမြို့နယ် တွင်းငယ် ကျေးရွာတွင်နေထိုင်သည့် ရွာခံတစ်ဦးကပြောသည်။ စဥ့်ကူးမြို့နယ်တွင်ဩဂုတ် ၁၃ ရက်ကမိုးရွာသွန်းခဲ့ပြီး မိုးရေချိန်မှာ ၀ ဒသမ ၄၅ လက်မနှင့် ဩဂုတ် ၁၂ ရက် မိုးရေချိန် ၀ ဒသမ ၃၀ လက်မတို့ရှိကြောင်း အထက်မြန်မာပြည်မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
.
မန္တလေးတိုင်းတွင် ဇူလိုင် လယ်မှစတင်၍ မိုးရွာသွန်းမှု ကြောင့် မြစ်ရေနှင့် ရေမျောတိုက် စားမှုတို့ဖြစ်ပေါ်ခဲ့ပြီး ဩဂုတ် ၁၄ ရက်အထိ အိမ်ခြေ ၄၀၀ ခန့်ပျက် စီးခဲ့ကာ လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။
7Day Daily::--
KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment