Pages

Pages - Menu

Tuesday, August 11, 2015

“ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင် ၂ဖာလုံတွင် ရွှေလီဦး ခရီးသည်တင် ယာဉ်တိမ်းမှောက်


RangonNewsDaily:: August . 11 .2015
ယနေ့ (၁၀-၈-၂၀၁၅)ရက်နေ့ ညနေ ၆နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ မိုင် ၂ ဖာလုံ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ဦးတည်သွားသည့် ရွှေလီဦးယာဉ်လိုင်း မှ အမြန်ယာဉ် 4D/ 3075 (ယာဉ်မောင်း- သန့်ဇော်ဦး) ကားတိမ်းမှောက်ခဲ့ပြီး ယနေ့ည ၉ နာရီ တွင် အမြန်လမ်း ရဲမှူးကြီး နေဝင်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအရ








ကားပေါ် တွင် ခရီးသည် (၃၆)ဦး ပါရှိကြောင်းနှင့် ယခုလက်ရှိ အချိန်တွင် ကျား(၃)ဦး၊ မ(၄)ဦး ပေါင်း (၇)ဦး သေ ဆုံးနေပြီဖြစ်ကြောင်းနှင့် ဖြူးပြည် သူ့ဆေးရုံကြီးသို့ ဒဏ်ရာရရှိ၍ ပို့ဆောင် ထားသည့် အရေအတွက်မှာ ကျား(၁၇)ဦးနှင့် မ(၁၀)ဦးဖြစ်ပြီး ကားအောက် တွင် ရောက်ရှိနေသော ဒဏ်ရာရရှိသူ (၂)ဦးအား ဖြူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။








.
ဖြူးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်အား တယ်လီဖုန်းဖြင့် မေးမြန်း မှုအရ ဒဏ်ရာများဖြင့် ရောက်ရှိလာသူ လူနာများတွင် လူနာ(၄)ဦးမှာ စိုးရိမ် ရသော အခြေအနေ တွင်ရှိပြီး အဆိုပါ စိုးရိမ်ရသော လူနာ(၄)ဦးထဲမှ (၂)ဦးမှာ အလွန်စိုးရိမ်ရကြောင်း သိရှိရသည်။
MOI ::--KOLATT(PBDN)
RangonNewsDaily
















No comments:

Post a Comment