Pages

Pages - Menu

Thursday, August 20, 2015

ပုဂ္ဂလိကဘဏ်များ ငွေကြေးအခက်အခဲရှိလျှင် ဗဟိုဘဏ်မှ ထောက်ပံ့ပေးမည်


RangonNewsDaily:: August . 20 .2015
လတ်တလော ဘဏ်အချို့နှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့်သတင်း များသည် ကောလာဟလသာဖြစ်ပြီး ပုဂ္ဂ လိကဘဏ်များ ငွေကြေးအခက်အခဲဖြစ်ပေါ်ပါက ဗဟိုဘဏ်မှ ဥပဒေနှင့်အညီ ထောက်ပံ့ပေးသွားမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြော သည်။
''ကျွန်တော်တို့ စိစစ်နေတဲ့ကြား က အခုလို ကောလာဟလတွေဖြစ်ပြီး တော့ ဘဏ်တွေအနေနဲ့ ငွေကြေးအကျပ် အတည်းဖြစ်လာရင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်မှုရှိစေဖို့ ဗဟို ဘဏ်က လိုအပ်တဲ့ငွေကြေးအကူအညီ တွေကို ဥပဒေနဲ့အညီ ထောက်ပံ့ပေးသွား မှာဖြစ်ပါတယ်'' ဟုဦးဆက်အောင်က ပြော သည်။

ပုဂ္ဂလိကဘဏ်အားလုံးမှာ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်စိစစ် မှုအောက်တွင်ရှိပြီး ဘဏ်များအားလုံး ကို ငွေကြေးအကျပ်အတည်း မဖြစ်အောင် ဗဟိုဘဏ်မှ နိုင်ငံတကာထုံးစံနှင့်အညီ အချိုးများ၊ စည်းကမ်းသတ်မှတ်ချက်
ဘောင်များနှင့် ထိန်းသိမ်းထားသည်။ ထို့ကြောင့် ဘဏ်အားလုံးမှာ ဗဟိုဘဏ်
မှသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း သိရသည်။

''ဘဏ်တွေက ကျွန်တော်တို့စည်း ကမ်းဘောင်တွေက လွတ်လာရင် သတ် မှတ်တဲ့ အချိုးတွေနဲ့ကိုက်ညီမှုမရှိရင် ဗဟို ဘဏ်က အဲဒီဘဏ်တွေကိုခေါ်ပြီး သတိ ပေးပါတယ်။ သတိပေးလို့မရရင် အရေး ယူမှုတွေ လုပ်ပါတယ်။ နောက် ကော လာဟလတွေဖြစ်လာလို့ ဘဏ်တွေမှာ ငွေကြေးအကျပ်အတည်းတွေ ဖြစ်လာ ရင်လဲ ဗဟိုဘဏ်က ကြားထဲကနေအကူ အညီ ထောက်ပံ့ရတာတွေရှိပါတယ်။ ဘဏ်တွေ တစ်ခုခုဖြစ်ရင် ဗဟိုဘဏ်က နေပြီးတော့ အချိန်နဲ့တစ်ပြေးညီ အပြည့် အဝနောက်ကနေ Back up ပေးဖို့အစီ အစဉ်ရှိပါတယ်''ဟု ¤င်းက ဆက်လက် ပြောဆိုသည်။

ဘဏ်များနှင့်ပတ်သက်သည့် ကော လဟာလများကြောင့် ယခုရက်ပိုင်းအ တွင်း ယခင်ရက်များထက် ငွေထုတ်ယူ သူပိုမိုများပြားလာကာ အချို့မှာ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သို့ ပြောင်းလဲအပ် နှံခြင်းများရှိနေသည်ဟု ပြည်တွင်းဘဏ် လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။ကမ္ဘောဇဘဏ်မှ အကြီးတန်းပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ''ကောလာဟ လဖြစ်ရင် လူတွေက အပ်နှံထားတဲ့ငွေ တွေကို လာထုတ်ကြတာ ထုံးစံပါပဲ။ ဒါ ပေမဲ့ ဘဏ်အချင်းချင်းကြားမှာလဲ ကွန် ရက်ရှိတယ်။ ဗဟိုဘဏ်ကလဲ ထုတ်ပြန် ရှင်းလင်းထားတဲ့အတွက် စိုးရိမ်စရာ မရှိဘူး''ဟု ပြောသည်။

ပုဂ္ဂလိကဘဏ်အချို့ ပိတ်သိမ်းရ မည့်အနေအထား သတင်းထွက်ပေါ်နေ မှုများအပေါ် သြဂုတ် ၁၈ ရက်က နေ ပြည်တော်ရှိ ဗဟိုဘဏ်တွင် ရှင်းလင်း ပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါရှင်းလင်း ပွဲ၌ ဦးဆက်အောင်က မည်သည့်ဘဏ် မှ ပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်း ကိုလည်း ပြောကြားခဲ့သည်။
Yangon Media , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment