Pages

Pages - Menu

Tuesday, August 18, 2015

အဲပုဂံလေကြောင်း ရပ်ဆိုင်းခြင်း နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆို အောက်တိုဘာလဆန်းတွင် ပြန်လည်ပြေးဆွဲမည်

အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်အချို့ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: August . 18 .2015
အဲပုဂံလေကြောင်း လိုင်း ရပ်ဆိုင်းလိုက်ရခြင်းသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် မသက်ဆိုင် ဘဲ တနင်္ဂနွေနေ့က စတင်ရပ်နား လိုက်သော အဲပုဂံလေကြောင်း လိုင်းကို အောက်တိုဘာလဆန်းတွင် ပြန်လည်ပြေးဆွဲမည်ဟု ယင်းလေကြောင်းလိုင်းမှ လက်ထောက် ဒါရိုက်တာ ဒေါ်ဂရေ့စ်လီကပြော ကြားသည်။

အဲပုဂံ ပိုင်ရှင် ဦးတေဇက လည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် အဲပုဂံလေကြောင်း လိုင်းရပ်ဆိုင်းရခြင်းနှင့် ပတ်သက် ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ ရေးအခြေအနေနှင့် မပတ်သက် ကြောင်း သြဂုတ် ၁၇ရက်ညနေက ရေးသားခဲ့သည်။

အဲပုဂံလေကြောင်းလိုင်း၏ ခရီးစဉ်များအားလုံး ခေတ္တရပ် ဆိုင်းလိုက်ခြင်းမှာ လက်ရှိပြေးဆွဲ နေသော လေယာဉ်ကြံ့ခိုင်မှုအပိုင်း တွင် မွမ်းမံပြင်ဆင်မှုများပြုလုပ် ရန် လိုအပ်သဖြင့်ပုံမှန်ပြေးဆွဲနေ သည့် ခရီးစဉ်များကို ခေတ္တရပ်နား ခြင်းသာဖြစ်ပြီး Asian Wing လေ ကြောင်းလိုင်းနှင့် Code Share Flight ခရီးစဉ်များကို ဆက်လက် ရောင်းပေးနေကြောင်း ဒေါ်ဂရေ့စ် လီကပြောကြားသည်။

အဲပုဂံအနေဖြင့် အမေရိကန် ၏ အရေးယူပိတ်ဆို့မှုများကြောင့် လေယာဉ် ထပ်မံဝယ်ယူရန်မှာ အခက်အခဲများ ကြုံတွေ့နေရ သည်ဟု ဒေါ်ဂရေ့စ်လီက ပြော သည်။

အဲပုဂံလေကြောင်းအနေဖြင့် ပြည်တွင်းနှင့် ဒေသတွင်း ခရီးစဉ် များကို လေယာဉ်နှစ်စီးဖြင့် ပြေး ဆွဲလျက်ရှိရာမှ ဇူလိုင်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်တွင် ပြေးလမ်း ချော်ခဲ့ပြီး နောက် ဆက်လက်အသုံးမပြုနိုင် တော့ပေ။
ကျန်ရှိသော လေယာဉ် တစ်စီးသည်လည်း ကြံ့ခိုင်မှု စစ် ဆေးရန် လိုအပ်လာသဖြင့်ရပ်နား လိုက်ရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment