Pages

Pages - Menu

Thursday, August 27, 2015

ခရီးသည်သေသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက ယာဉ်လိုင်းရှိ ကားအားလုံးပြေးဆွဲခွင့် ငါးရက်ပိတ်မည်

RangonNewsDaily:: August . 27 .2015
မထသလက်အောက်ရှိ ခရီးသည်တင်ယာဉ်များ ယာဉ်မ တော်တဆဖြစ်၍ လူသေဆုံးခဲ့ပါ က ယာဉ်ပြေးဆွဲခွင့် ခြောက်လ ပိတ်သိမ်းမည့်အပြင် အဆိုပါ ယာဉ်လိုင်းရှိ ယာဉ်များအားလုံးကို ပြေးဆွဲခွင့် ငါးရက် ထပ်မံပိတ် သိမ်းအရေးယူမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ ယခင်က မထသလက် အောက်ရှိ ခရီးသည်တင်ယာဉ်များ လူသေဆုံးသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက အဆိုပါယာဉ်ကိုသာ ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်းအရေးယူခြင်း ဖြစ်သည်။ ယခု သြဂုတ် ၂၆ ရက်မှစတင်၍ ယာဉ်လိုင်းရှိ အခြားယာဉ်များအားလုံးကိုလည်း ပြစ်ဒဏ်အနေဖြင့် ငါးရက်တာ ပြေးဆွဲခွင့်ရပ်နားအရေးယူမည်ဟု မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

‘‘အရင်က ပြစ်မှုကျူးလွန်တဲ့ ယာဉ်တွေကိုပဲ ခြောက်လပြေးဆွဲ ခြင်း ပိတ်သိမ်းအရေးယူမှုလုပ် တယ်။ အခုထပ်မံသတ်မှတ်လိုက် တာက ဒီလိုင်းပေါ်မှာကျန်ရှိတဲ့ ယာဉ်တွေကလည်း တစ်ဝက်ကို ငါးရက်စီ နှစ်ပိုင်းခွဲပြီး ပိတ်သိမ်း မယ်။ ယာဉ်တိုင်းယာဉ်တိုင်းငါးရက်ပြေးဆွဲခွင့်မရခြင်း ပြစ်ဒဏ်ခံရမယ်’’ဟု ၎င်းကပြောသည်။

ယာဉ်မတော်တဆဖြစ်၍ လူသေဆုံးမှုဖြစ်ခဲ့သော (၄၉) ယာဉ်လိုင်း၊(၅၁)ယာဉ်လိုင်း နှင့် (၅၇)ယာဉ်လိုင်းတို့ကို ယခုပြစ်ဒဏ်ဖြင့် စတင် အရေးယူထားပြီးဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။
ထို့ပြင် အဝေးပြေးခရီးသည် တင်ယာဉ်များမှာလည်း ယာဉ်မ တော်တဆဖြစ်၍ လူသေဆုံးပါက ယာဉ်တိုက်မှုဖြစ်သည့် ယာဉ်ကို ခြောက်လပြေးဆွဲခွင့်ရပ်နားခြင်း အပြင် အဆိုပါယာဉ်လိုင်းမှ ယာဉ် များအားလုံးကို ပြေးဆွဲခွင့်တစ်လတိတိထပ်မံပိတ်သိမ်း အရေးယူမည်ဟုဦးလှအောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း သြဂုတ် ၁ မှ ၁၅ ရက်အတွင်း ယာဉ် မတော်တဆဖြစ်မှု ခြောက်ကြိမ် တွင် တစ်ဦးသေဆုံးပြီး တိုင်ကြားမှုပေါင်း အကြိမ် ၁၆၀ အနက်၁၀၄ မှာ ယာဉ်စီးခပိုမိုတောင်းခံခြင်းဖြစ်၍ ယာဉ်နောက်လိုက်ကခရီးသည်ကို မချေမငံပြောဆိုဆက်ဆံမှုကြောင့် တိုင်ကြားမှု ၁၉ကြိမ်ရှိကြောင်း မထသ (ဗဟို) ထုတ်ပြန်ချက်အရ သိရသည်။

‘‘ယာဉ်စီးခပိုမိုတောင်းခံတာ တွေ၊ ယာဉ်နောက်လိုက်တွေ အ ပြောအဆိုရိုင်းစိုင်းတာတွေက အမြဲလိုလိုဖြစ်နေတုန်းပဲ။ သူတို့ ဒီလိုလုပ်တာက သက်ဆိုင်ရာကို လည်း သူတို့ဂရုမစိုက်လို့ ဖြစ်နေ တာပါ။ ဒါကြောင့် မထသက စည်းကမ်းချက်တွေထုတ်ပြီး အရေးယူ မှုကို ထိထိရောက်ရောက်လုပ် ဆောင်ရင် ခရီးသည်တွေ အခု ထက်ပိုပြီး အဆင်ပြေလာမှာပါ’’ ဟု အလုံမြို့နယ်နေခရီးသည် ဒေါ် ခင်လှကြည်က ပြောသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment