![]() |
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Leyte ပင်လယ်ကမ်းခြေ အလွန်မှာ ခရီးသည်တင် ကူးတို့သင်္ဘောတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၆ သေဆုံးသွားပါတယ်။
ခရီးသည် ၁၇၃ ယောက်ကိုတင်ဆောင်လာတဲ့ Kim Nirvana ကူးတို့သင်္ဘောဟာ Ormoc ဆိပ်ကမ်းအလွန် ရေပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
::
ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် ၀န်ထမ်းတွေက ဘီဘီစီကိုပြောကြားခဲ့ပေမယ့် အသေးစိပ် မသိရှိရသေးပါဘူး။
ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့ ဥက္ကဌ ဖြစ်သူ Richard Gordon ကတော့ လူပေါင်း ၅၀ ကျော်ကို ကယ်ဆယ်ထားပြီး ပြုစုစောင့်ရှောက်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။
သင်္ဘောဟာ Leyte ကျွန်းရဲ့ အနောက်တောင်ဘက် Cebu ပြည်နယ်ရှိ Camotes ကျွန်းစုဘက်ကိုအသွားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
BBC::--KOLATT(PBDN)
RangonNewsDaily


No comments:
Post a Comment