Pages

Pages - Menu

Thursday, July 30, 2015

ချင်းပြည်နယ်တွင် သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးရေကြီး ပြီး မြေပြိုမှုဖြစ်ပေါ်


RangonNewsDaily:: July . 30 .2015
ယခုနှစ် မိုးရာသီအစောပိုင်းအတွင်း ချင်းပြည်နယ်၌ မိုးအသည်းသန်ရွာ သွန်းမှုကြောင့် သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးမြေပြို မှုဖြစ်ပေါ်နေ ပြီး နေအိမ်များပျက်စီးနေသည့်အပြင် ကားလိုင်းများလည်းပိတ်ထား ရကြောင်း ဇူလိုင် (၂၉) ရက်နေ့တွင်သတင်းရရှိသည်။
ဇူလိုင်လ (၂၁) ရက်နေ့မှစတင်ပြီး မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ဟား ခါးမြို့တွင် မြေပြိုလျက်ရှိပြီး အိမ်ခြေ (၂၀) နီးပါးပျက်စီးခဲ့ပြီး ထပ်မံမြေပြိုနိုင် မည့်နေရာများအနီးတည်ဆောက်ထားသည့် အိမ်များကိုလည်း ကြိုတင်ဖျက်စီး လျက်ရှိကြောင်း ဒေသခံများမှသိရသည်။
ယခုအခါ နေအိမ်ပေါင်း (၄၀) ကျော်ကိုအစိုးရ ဌာနများ၏ အကူအညီဖြင့် ဖျက်စီးလျက်ရှိကြောင်းသိရသည်။









မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ကားလိုင်း များလည်းပိတ်ထားရကြောင်း သိရသည်။ ကလေး – ဖလမ်း – ဟားခါးကား လိုင်း၊ ဟားခါး – ဂန့်ဂေါ – မန္တလေး၊ ကလေး – ဂန့်ဂေါ – မန္တလေး၊ ကလေး – တီးတိန်ကားလမ်းများမှာလည်း ယာယီပိတ်ထားရကြောင်း ကားဂိတ်များမှစုံ စမ်းသိရှိရသည်။

KOLATT(PBDN)

RangonNewsDaily






No comments:

Post a Comment