Pages

Pages - Menu

Tuesday, July 7, 2015

အနုပညာနဲ့ ပတ်ဝန်းကျင်ကို ပျော်ရွင်စေခဲ့သူ ဟာသသရုပ်ဆောင် မိုးကျော်အောင် ရန်ကုန်ဆေး ရုံကြီး၌ ကွယ်လွန်


RangonNewsDaily:: July . 7 .2015
“ကိုမိုးကျော်အောင်ကအရင်ထဲက နှလုံးရောဂါ၊ လေဖြန်းရောဂါ၊ အသည်းရောဂါတွေရှိခဲ့လို့ ဆေးရုံတက်တော့ ကျွန်တော်တို့ လူရွှင်တော်အဖွဲ့ကကူညီခဲ့ပါတယ်။
နောက်ပိုင်းသူဆေးရုံကဆင်းပြီးတော့ အဆက်သွယ်ပြတ်သွားတာ အဖြူရောင်သုခအသင်းကို သူ့အဖေကအကြောင်းကြားရာက ဆက်သွယ်မိပြီး ၄ ရက်နေ့က ဆေးရုံတင်တာ ၇ ရက်နေ့ ၁၂ နာရီခွဲလောက်က ဆေးရုံမှာပဲဆုံးသွားတယ်။ ပရိသတ်ကိုရော ပတ်ဝန်းကျင် မိတ်ဆွေ တွေကို ပျော်ရွှင်စေတဲ့ အနုပညာသမားတစ်ယောက် ဆုံးရှုံးလိုက်ရတာပါပဲ။”





ဟာသရုပ်ဆောင်တစ်ယောက်အဖြစ်သာမက ဇာတ်ညွှန်းဆရာအဖြစ် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ မိုးကျော်အောင် (ခ) မိုးကျော် (MKA) သည် ဇူလိုင်(၇) ရက်နေ့ နံနက် (၁၂း၃၀)နာရီ အချိန်တွင် ရန်ကုန် ဆေးရုံကြီး၌ လေဖြန်းရောဂါဖြင့်ကွယ်လွန်ခဲ့ကြောင်း လူရွှင်တော်အသင်းဥက္ကဌ ကိုခင်လှိုင်ထံမှ သိရှိရသည်။
Photo :: - ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည်ကို တွေ့ရစဉ်
( ကိုခင်လှိုင်၏ ဖေ့ဘွတ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment