Pages

Pages - Menu

Friday, July 24, 2015

တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေး ဖမ်းဆီးခံရ


RangonNewsDaily:: July . 24 .2015
မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစု နွေးကို ပဲခူးတိုင်း အင်းတကော် ရဲစခန်းက ၂၀၁၄ တွင် ဖြစ်ပွားခဲ့သည့် အမှုတစ်ခုအတွက် ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးပြီး ပဲခူးမြို့အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ညောင်လေးပင်မြို့မှ ဒေါ်စုစုနွေး စီးနင်းလာသည့် မော် တော်ယာဉ်ကို အင်းတကော်ရဲ တပ်ဖွဲ့က တားဆီးပြီး ဖမ်းဆီးခဲ့ ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂရုံးအဖွဲ့မှူး ဦးမြင့်သိန်းက ပြောကြားသည်။
‘‘စီအေဒီတပ် (လက်နက်ခဲ ယမ်းမီးကျောက်စုဆောင်းရေး တပ်)က ဗိုလ်ကြီး ဟိန်းဇော်ကနေ တရားလိုလုပ်ပြီး အမှုဖွင့်တဲ့အ တွက် သူတို့အင်းတကော်ရဲစခန်း က ဖမ်းရပါတယ်လို့တော့ ပြော တယ်။ အခုဖမ်းတာကလည်း စ ခန်းမှူးကိုယ်တိုင်ပါတယ်’’ ဟု ဦးမြင့်သိန်းက ပြောကြားသည်။
ရဲစခန်းမှ ပဲခူးတရားရုံးသို့ ယင်းနေ့ နေ့လယ်တွင် ဒေါ်စုစုနွေးအား ခေါ်ဆောင်လာပြီး ပုဒ်မ ၄၄၇ဖြင့် တရားစွဲဆိုခဲ့ကာ အမှုကို အာမခံပေးသော်လည်း ဒေါ်စုစုနွေးက မည်သည့်အမှုမှ ကျူးလွန်ခဲ့ခြင်း မရှိသည့်အတွက် အာမခံမယူခဲ့ ကြောင်း သတင်းရရှိသည်။
:
‘‘အခုစွဲတဲ့ပုဒ်မကလည်း ပိုင်နက်ကျူးလွန်မှုဆိုပြီး စွဲထား တဲ့ အမှုပါ။ သူကိုယ်တိုင်လည်း ဒီအမှုကို မကျူးလွန်တဲ့အတွက် ဘာအာမခံမှလည်း မလုပ်ဘူး။ ဒီလိုပုဒ်မတွေတပ်ပြီး ဖမ်းတဲ့အ တွက်လည်း ဘယ်သူ့ကိုမှ မယုံတဲ့အတွက် ရုံးချိန်းလည်း အမှုထွက် ဆိုဖို့မရှိဘူး’’ဟု ဒေါ်စုစုနွေးက ပြောကြားခဲ့ကြောင်း ဦးမြင့်သိန်း က ပြောသည်။
:
၂၀၁၄ နှစ်လယ်ပိုင်း၌ ဖြစ်ပွားခဲ့သော အင်းတကော်မြို့နယ် မှ လက်နက်ကိုင်စစ်သားများနှင့် ဒေသခံရွာသားများ တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး အချင်း များသည့် ဖြစ်စဉ်တွင် သွေးထွက်သံယိုမဖြစ်အောင် ကြားဝင်ဖျန်ဖြေခဲ့သည့် အမှုကိစ္စဖြစ်ပြီး ယင်းအမှုတွင် ပါဝင်ခဲ့၍ ပိုင်နက်ကျူး လွန်မှုဖြင့် တရားစွဲခံရခြင်းဖြစ် ကြောင်း ဒေါ်စုစုနွေးက ပြော ကြားသည်။ ဇူလိုင်၂၉ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားပြီး ပဲခူးအကျဉ်းထောင်တွင် ရောက်ရှိနေ သည့် ဒေါ်စုစုနွေးက အမှုကိုကျူး လွန်ထားခြင်းမရှိသည့်အတွက် တရားရုံးသို့ လာရောက်ထွက်ဆို မည်မဟုတ်ကြောင်း သိရသည်။
7Day Daily ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment