Pages

Pages - Menu

Monday, July 6, 2015

အီရတ်လေတပ်အတော်ဆုံးလေယာဉ်မှူး မောင်းသည့် တိုက်လေယာဉ်ပေါ်မှ ဗုံးတစ်လုံး မတော်တဆလွတ်ကျ၍ နေအိမ်(၃)လုံး ပျက်စီး


RangonNewsDaily:: July . 6 .2015
IS အဖွဲ့ဝင်များ ရှိနိုင်သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး လှည့်ပြန်လာသည့် အီရတ်လေတပ်ပိုင် လေယာဉ်တစ်စင်းပေါ်မှ ဗုံးတစ်လုံး မတော်တဆ ပြုတ်ကျခဲ့၍ အနည်းဆုံး လူ ၇ဦး သေဆုံးခဲ့ပြီး အိမ်သုံးလုံး ပြိုကျခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဇူလိုင် ၆ရက်တွင်
ဖော်ပြထားသည်။
ရုရှားနိုင်ငံထုတ် Sukhoi Su-25 တိုက်လေယာဉ်သည် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့ အရှေ့ပိုင်းတွင် ပျံသန်းနေစဉ်အတွင်း နည်းစနစ်ပိုင်း ပြဿ နာ ကြုံတွေ့ခဲ့ခြင်းကြောင့် ဗုံး မတော်တဆ လွတ်ကျခဲ့ခြင်းဖြစ်ကြောင်း အီရတ်နိုင်ငံ လုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆတ်မန်းက ပြောသည်။ အဆိုပါ လေယာဉ်ကို မောင်းနှင်သည့် လေယာဉ်မှူးမှာ အီရတ်နိုင်ငံ၏ အတော်ဆုံး လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်း ဆတ်မန်းက ဆက်လက်ပြောကြားခဲ့သည်။



မတော်တဆ လွတ်ကျခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အနည်းဆုံး ၁၆ဦး ရှိခဲ့ပြီး ဗုံးလွတ်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဆတ်မန်းက ပြောသည်။
Photo credit - NBC & AFP
ရိုးရာလေး ::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment