Pages

Pages - Menu

Monday, July 6, 2015

အထည်ချုပ်သာမဟုတ်၊ အခြားလုပ်ငန်းရှင်တွေလည်း တစ်ရက်လစာ ၃၆ဝဝ သတ်မှတ်ချက်ကို ထပ်မံကန့်ကွက်


RangonNewsDaily:: July . 5 .2015
မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံးလစာ သတ်မှတ်ရေးအတွက် နောက်ဆုံးအတည်ပြု အဆင့်ကို ရောက်ရှိလာချိန်မှာ အမျိုးသားကော်မတီအနေနဲ့ တစ်ရက်လစာ ၃၆ဝဝ အဆိုပြုထားတဲ့ပေါ် အထည်ချုပ်လုပ်ငန်းရှင်တွေကတော့ ဒီလစာနှုန်းအတိုင်း သတ်မှတ်ရင် စက်ရုံတွေ ပိတ်သိမ်းမယ်လို့ ပြောဆိုထားပါတယ်။ အထည်ချုပ်မဟုတ်တဲ့ တခြားစက်မှုလုပ်ငန်းရှင်တွေဟာလည်း ဇူလိုင် ၃ရက်က UMFCCI မှာ ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်အားလုံးနီးပါး ၃၆ဝဝ သတ်မှတ်ချက်ကို ထပ်မံကန့်ကွက်ခဲ့ကြပြန်ပါတယ်။
မြေဈေးကြီးမြင့်မှု၊ အခွန်အခနဲ့ လျှပ်စစ်မီးမရမှုတွေပြင် အလုပ်ရှင်ဘက်က ၃%၊ အလုပ်သမားဘက်က ၂% ဆိုပြီး လူမှုဖူလုံရေးကြေး ပေးရတာတွေ၊ အလုပ်ရှင်တွေဟာ အလုပ်သမားလစာရဲ့ ၁%ကို ဝင်ငွေခွန်မထည့်ရင် ထောင်ကျနိုင်တာမျိုးအထိရှိလို့ လုပ်ခလစာအပြင် တခြားချည်နှောင်ထားတဲ့ အရာတွေ အရမ်းများနေတယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။ နှစ်ဖက်လုံးမှာ အဆိုပြုခွင့်ရှိတာမို့ အလုပ်ရှင် ၊ အလုပ်သမား ပြန်ညှိနိုင်တဲ့ အခွင့်အရးရရင် ကောင်းမယ်လို့လည်း ဆိုပါတယ်။
::
စက်မှုလုပ်ငန်းရှင်များ ဆွေးနွေးမှုအပိုင်းမှာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေလည်း ပါဝင်သလို တစ်ရက်လစာ ၃၆ဝဝ သတ်မှတ်ရေးအတွက် လုပ်ငန်းနယ်ပယ် အသီးသီးမှာ ပေးဖို့ ခက်ခဲနေတာမို့ ဆုံးဖြတ်သူတွေအနေနဲ့ အခြေအမြစ်ကျတဲ့ စဉ်းစားမှုတွေ လုပ်ပေးဖို့လိုတယ်လို့လည်း ဒေါ်ခိုင်ခိုင်နွယ်က ပြောဆိုခဲ့ပါတယ်။
::
မြန်မာနိုင်ငံရဲ့ ပထမဆုံး အနည်းဆုံးလုပ်ခလစာ သတ်မှတ်မှုမှာ စက်ရုံပိတ်သိမ်းရတာမျိုးတွေ မဖြစ်စေချင်လို့ လုပ်ငန်း အကြီးအသေး မရွေး၊ ဒေသမရွေး ပေးနိုင်မယ့် အနိမ့်ဆုံးလစာကို သတ်မှတ်စေချင်တယ်လို့ ဆိုလာသူက ဒေါက်တာအောင်သိန်းပါ။ နိုင်ငံတကာ ပညာရှင်တွေ ပြုစုထားတဲ့ စာတမ်းတွေအတိုင်း ၁ဝ% နဲ့ ၁၅ % သတ်မှတ်သင့်ပြီး အနိမ့်ဆုံးလစာ ၁ဝ% တိုးတိုင်း အလုပ်လက်မဲ့ဖြစ်နိုင်မှု ၁% တက်သွားတယ်ဆိုတာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်တယ်လို့ ပြောပါတယ်။
::
ငွေကြေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားက တင်သွင်းရတဲ့ ကုန်ကျစရိတ်အပါအဝင် တခြားစရိတ်တွေပါ မြင့်တက်နေပြီး အလုပ်သမားလစာ ထပ်တိုးမယ်ဆိုရင် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရောင်းချလို့ မဖြစ်နိုင်တော့တဲ့အတွက် ဆက်လက်ရပ်တည်ဖို့ မလွယ်ဘူးလို့လည်း ဒေါက်တာ အောင်သိန်းက ပြောပါတယ်။
Kamayut Media ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment